🌹15🌹

9.5K 631 83
                                        

(Unicode Version)


နံနက်(၉)နာရီခန့်တွင်-

Theoနဲ့ စိုင်းရသဦးက အောက်ထပ်ကို ဆင်းလာချိန်မှာ မျက်ပြူးဆန်ပြာဖြစ်နေတဲ့ ဦးစိုင်းမောင်ကို မြင်တွေ့လိုက်ရလေသည်။

"ဖေဖေ...ဘာဖြစ်နေတာလဲ!?"

ဦးစိုင်းမောင်က အနောက်ဘက်သို့ လှည့်လာပြီး Theoကို စူးစိုက်ကြည့်ရင်းနဲ့ စိုင်းရသဦးရဲ့မေးခွန်းကို ဖြေပေးခဲ့သည်။

"မနေ့ညတုန်းက ဖေဖေ့တပည့်နှစ်ယောက် အစာအဆိပ်သင့်ပြီး ဆုံးသွားတယ်။"

ထိုစကားကြောင့် Theoက အလွန်အမင်းအံ့ဩသွားဟန်ဖြင့် ပြန်မေးလိုက်တော့သည်။

"ဟာ...ဘယ်လိုဖြစ်လို့ အစာအဆိပ်သင့်သွားတာလဲ!?"

"အဲဒါကိုတော့ မသိရသေးဘူး။"

စိုင်းရသဦးက ထိုစကားဝိုင်းထဲကို ဝင်လာခဲ့သည်။

"CCTVတွေထဲမှာ ပြန်ကြည့်ရင်ရော!?"

"အလုပ်သမားတန်းလျားဘက်မှာ CCTVမရှိဘူး။"

"ဒါဆို ရဲကို အကြောင်းကြားမှ ဖြစ်မှာပေါ့။"

ဦးစိုင်းမောင်က ထိုအကြံပြုချက်ကို လက်မခံရဲဘဲ အကြောက်အကန် ငြင်းဆန်လိုက်တော့သည်။

"ဒီကိစ္စမှာ ရဲတွေ ပါလာစရာမလိုပါဘူး။ အစာအဆိပ်သင့်တာ သေချာပါတယ်။"

Theoက ဦးစိုင်းမောင်ရဲ့အခက်ကြုံနေရမှုကို ကြည့်ပြီး ပြုံးလိုက်လေသည်။

"သတ္တဝါတစ်ခု၊ ကံတစ်ခုလို့ပဲပေါ့။ ဘယ်သူက ဘယ်နေ့သေရမလဲဆိုတာကို ကျွန်တော်လည်း မသိနိုင်သလို အန်ကယ်လည်း မသိနိုင်ဘူးလေ။"

အဓိပ္ပါယ်အမျိုးမျိုးပါနေတဲ့ Theoရဲ့စကားတွေကြောင့် ဦးစိုင်းမောင်က ဒေါသတွေကို ထိန်းထားလိုက်ရပုံပင်။

"ဟုတ်တာပေါ့ကွယ်။ ဒါနဲ့ မင်းတို့ ဘယ်သွားကြမလို့လဲ!?"

ထိုမေးခွန်းကို Theoက သွက်လက်စွာ ပြန်ဖြေပေးခဲ့သည်။

"ကြွက်သတ်ဆေး ထပ်ဝယ်မလို့ပါ။"

သိသိသာသာ မျက်နှာပျက်သွားတဲ့ ဦးစိုင်းမောင်ကို ကြည့်ပြီး Theo ကျေနပ်နေမိသည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now