Extra-4 (Ending)

5.9K 651 90
                                    

Unicode...

ဒီ​နေ့က နှစ်ဆန်းတစ်ရက်​နေ့...
အချိန်က ည၈နာရီ...

မနက်ပိုင်း ရပ်ကွက်က အန္တရာယ်ကင်း ပရိတ်​တွေရွတ်ဖတ်ပြီးစီးတဲ့အထိ ကျွန်​တော်တို့​ခြောက်​ယောက်အပြင် ငထူးနဲ့​ဇေမင်းနိုင်ပါ အတူတူကူညီ​ပေးကြတယ်ရယ်။ ည​ရောက်​တော့ နှစ်​ဟောင်းကအညစ်အ​ကြေး​တွေ နှစ်သစ်ဆီပါမလာဖို့ ခပ်ပြင်းပြင်း ဝီစကီ​လေး​တွေနဲ့ ​​မျှောချကြတယ်​ပေါ့။

ဝဏ္ဏက​တော့ မပါဘူးဗျ။ သူ့က​လေးက ​သောက်တာမကြိုက်ဘူး...။ ကိုကြီး​​သောက်ရင် က​လေးပါ​သောက်မယ်ဆိုပြီး ဂျစ်ကန်ကန်လုပ်တာနဲ့ အငတ်ကြီးဖြစ်သွားတယ်​ပေါ့။ ကျွန်​တော်အဲဒါ​​ပြောချင်တာ။ ချစ်သူရည်းစားထားမယ်ဆို အသွင်တူမှ ​တော်ခါကျမှာ။ အခုပဲ ကျွန်​တော်တို့နဲ့ အဲနှစ်​ကောင်ကို ယှဉ်ကြည့်လိုက်စမ်းပါ။ ကျွန်​တော်ရယ် ​သော်ကြီးရယ် တစ်​ယောက်ခွက်ကိုတစ်​ယောက်ငှဲ့​ပေး​နေချိန် ဒင်းက​တော့ က​လေးထိန်း​နေရတယ် ခွိ။

အဲဒီက​လေးဘက်က စိတ်ပါရင်ရသားပဲ။ ဥပမာ​ပေါ့​နော်။ ကိုကြီးကဝီစကီ​သောက် က​​လေးက ကိုလာ​သောက်မယ်ဆိုလည်း အဆင်​ပြေတာပဲ ဟုတ်တယ်မလား။ အဲဒါမျိုးကမှ စိတ်တူကိုယ်တူလို့​ခေါ်တာ။ ဟော...ဦးတာနဲ့ ခခကိုလည်းကြည့်။ ရဲမှူးလည်းဖြစ် သက်လတ်ပိုင်းလူကြီးတစ်​ယောက်လည်းဖြစ်​​ပေမဲ့ ခခက​သောက်ချင်တယ်ဆို စိတ်ချလက်ချနဲ့လွှတ်​ပေးတယ်​တွေ့လား။ အဲ...တစ်ခု​တော့ရှိတာ​ပေါ့။ အချိန်မှန်​ အိမ်ပြန်ရမှာ​ပေါ့​လေ။ ဘာပဲဖြစ်ဖြစ် ဟိုအတွဲထက်​တော့ အသာကြီးပါ။

အသက်ပြည့်ပြီးသား လူတစ်​​ယောက်ရဲ့လွတ်လပ်ခွင့်ကို က​လေးတစ်​ကောင်က လိုက်ပိတ်ပင်​နေတာကို ပြုံးပြုံးကြီးခံ​နေတဲ့ ဝဏ္ဏဆိုတဲ့​ကောင် ငအ။ အချစ်​ကြောင့်​တွေ အနှစ်​ကြောင့်​တွေ မ​ပြောနဲ့​နော်။ ဒီ​ကောင်သာ ဟိုက​လေးကို ​ကောင်း​ကောင်းမွန်မွန်နားချနိုင်ရင် ခုနကျွန်​တော်​ပြောသလို နှစ်ဦးနှစ်ဖက်လုံးအကျိုးရှိတယ်ရယ်။ သနားလွန်း​ပေမဲ့ ဦး​နှောက်မရှိလွန်းလို့ ဘာမှ​ပြော​ပေးမ​နေ​တော့ဘူး။ လွှတ်ထားလိုက်တယ်။ အခုလည်း သူများအခန်းထဲမှာ ဗီဒီယို​ကော​ခေါ်ပြီး မွှန်​နေတယ်​လေ။ ​ဩ...ဟိုက​​လေးက​ပြော​သေးတယ်။ မ​သောက်ဘူးဆိုတာ​သေချာ​အောင် တစ်ညလုံး​ခေါ်ထားရမယ်တဲ့။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now