Part 6

21.2K 627 18
                                    

Unicode

"လွှတ် အ အ လွှတ်"

"မင်းကိုသတ်မယ်"

"အ အ လွှတ် အ အား"

နှင်းသူ့လက်တွေကို ရိုက်ကုတ်လုပ်ပေမယ့်မလွှတ်ပေး။
လက်ကပိုတောင်တင်းကျပ်လာသည်။

"မင်းကို သတ်ပစ်မယ်"

လက်တွေပိုပြီးတင်းလာတော့ နှင်းမရတော့။
မတောင့်ခံနိုင်တော့ဘဲ အသက်ထွက်သွားလိမ့်မည်။
နှင်းလည်းလက်နီးရာကို ရှာလိုက်တော့ ပန်းအိုးတွေ့တာနဲ့

"ခွမ်း"

❇️❇️❇️

မျက်လုံးဖွင့်လိုက်တော့ ခေါင်းကတဆစ်ဆစ်ကိုက်နေ၏။

"Boss သတိရလာပြီလား"

"ငါဘာဖြစ်တာလဲ"

"Boss ကဟိုကောင်မလေးကိုလည်ပင်းညှစ်တာ အဲ့ဒါသူက ပန်းအိုးနဲ့ရိုက်လိုက်တာ Boss သတိမေ့သွားတာပါ"

"ငါမေ့နေတာ ဘယ်နှရက်ရှိပြီလဲ"

"3 ရက်ပါ Boss"

"ဟုတ်ပြီ ဟိုတစ်ယောက်ကို ငါ့အခန်းထဲလွှတ်လိုက်"

"ဟုတ်ကဲ့ Boss"

ခနအကြာ

"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့"

"ကျွန်မကိုခေါ်တယ်ဆို"

"ဟုတ်တယ်"

"ဘာပြောစရာရှိလို့လဲ "

"မင်းကငါ့ကိုရိုက်လိုက်တာဆို"

"ဟုတ်တယ်လေ ကျွန်မကိုသတ်ဖို့လုပ်တဲ့လူကို ကျွန်မ
ကမရိုက်လို့ဘာလုပ်ရမှာလဲ"

"အဟက် မင်းစကားတော်တော်တတ်နေပါ့လား ဒါပေမယ့် မင်းငါ့ကိုရိုက်တဲ့အတွက်မင်းပြန်ပေးဆပ်ရမယ်"

သူမစိတ်အချဉ်တော့ပေါက်သွားရသည်။သူကလာရန်ပြုလို့ပြန်ခုခံတာကိုပြန်ပေးဆပ်ရမယ်တဲ့။တကယ် ပြောစရာစကားတောင်ပျောက်။

"ပြန်ပေးဆပ်ရမယ်? ဟုတ်ပါပြီ ရှင့်ကိုကျွန်မဘာမှပြန်မလုပ်နိုင်ပါဘူး အဲ့တော့ရှင့်စိတ်တိုင်းကျသာလုပ်သတ်ချင်လဲသတ်လိုက်"

"သတ္တိတွေကောင်းနေတယ်ပေါ့ ဟုတ်ပြီလေ ဒါပေမယ့်ခုတော့ငါစားဖို့အတွက်တစ်ခုခုလုပ်ပေးငါဗိုက်ဆာတယ်"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now