🦋34🦋

490 81 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋34🦋

        တစ်ယောက်ကမှ နောက်ဆုတ်ပြန်မည့် သဘောမရှိပေ။ သို့နှင့် သူတို့အဖွဲ့သည် ဓားညွန်ပြသောအရပ်သို့ ကိုယ်ဖော့ပညာဖြင့် ပျံသန်းခဲ့သည်။ အားလုံးက စွမ်းအင်ရှိသော သူတွေချည်းသာ ဖြစ်လို့ ခရီးကသိပ်ကြာကြာမသွားလိုက်ရဘဲ စစ်ရှုံးတောင်ကို ရောက်ခါနီးနီး ရောက်ခဲ့သည်။

       ထင်ထားသလိုတော့ အခက်အခဲတွေ မတွေ့သေးပေ။ မြစ်ရေသည် အလွန်ကြည်လင်လွန်းလို့ အဆော့မတ်သော လော့လော်မှာ မြစ်ရေကိုထိတွေ့ရန် ပြင်တော့သည်။

"မထိနဲ့...."
"နောက်ဆုတ်..."

       ဟွမ်ကျင်းရွှေနှင့် ယဲ့ရှားလုံက တစ်ပြိုင်နက်တည်း အော်ကြပြီး သူမကိုတစ်ပြိုင်တည်း ဆွဲလိုက်ကြသည်။ လက်မြန်သော ဟွမ်ကျင်းရွှေက သူမလက်မောင်းကို ဆွဲမိပြီး လော့လော်ကို ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။

       ယဲ့ရှားလုံ၏လက်ချောင်းများ လမ်းတစ်ဝက်မှာပင် ပြန်ဆုတ်လာရ၏။ သူက လက်ချောင်းများကို တင်းတင်းပြန်ဆုပ်ပြီးနောက် လော့လော်အဆင်ပြေရဲ့လား အရင်ကြည့်မိသည်။

        ဟွမ်ကျင်းရွှေက ပြောလိုက်သည်။

"တွေ့ကရတွေ လျှောက်လျှောက်မထိနဲ့..."
"ဟုတ်.... လော့လော် တောင်းပန်ပါတယ် "

        ဟွမ်ကျင်းရွှေ သူမကိုဖက်ထားခြင်းအား လွှတ်ပေးပြီးမှ

"အဲ့တာ မေ့ပျောက်ခြင်းမြစ်ရေ... "
"ဟင် ဒါဒဏ္ဍာရီထဲက မေ့ပျောက်ခြင်း မြစ်ရေလား"

"အင်း...."

       လော့လော် အနောက်ကို ခြေတစ်လှမ်း ပြန်ဆုတ်လာ၏။ မေ့ပျောက်ခြင်းမြစ်ရေက လောကီရေးရာ အဖြာဖြာတွင် မိမိဖြစ်ပျက်ခဲ့သမျှသော အရာမှန်သမျှကို ရေနှင့်ထိတွေ့မိရုံဖြင့် မေ့ပျောက်သွားနိုင်သည်အထိ အစွမ်းထက်လွန်းသည်။

       မြစ်ရေပေါ်မှာတော့ အဆိပ်ငွေ့များ ရှိမနေတာကို တွေ့ရ၏။ ထို့ကြောင့် သူတို့အားလုံး ဓားထုတ်ကာ ဓားပျံဖြင့်မြစ်ကို ဖြတ်ကူးလိုက်သည်။ မြစ်ရေက အပေါ်ကကြည့်ရတောင် မြစ်ကြမ်းပြင်ကို မြင်ရအထိ ကြည်လွန်းလို့ ရေထဲခုန်ချပြီး ရေကစားချင်စိတ်များကို တဖွားဖွား ပေါ်လာစေ၏။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now