အဖေတစ်ယောက်ပါ

2.7K 259 12
                                    

#Uni

"ဦးကနောက်တာပါ...''

နောက်တယ်သာပြောတယ်...ခုနက အတည်​ကြီးပြော​နေသလိုပဲ

"ပြောရရင် လူယုံတော့လိုသား...ဦးကအဖိုးကြီးဖြစ်လာပြီမလား...အဲ့​တော့ ဦးသာ​သေသွားရင် သမီးကြီးကိုစိတ်ချပေမဲ့ သားကိုတော့စိတ်မချနိုင်သေးဘူးလေ..''

အပိုပြောလိုက်တာဟယ် မသိရင် အသက်၄၀ဝန်းကျင်လောက်ပဲ ရှိသေးတယ်လို့ ထင်ရတာကိုများ...သူများ​တွေလို အဆီအခေါက်လဲသိပ်မရှိသလို ကြည့်ကောင်းတဲ့ အဲ့လိုလူက ခုပဲသေတော့မယ့်ပုံနဲ့ လိမ်​နေတာရယ်

"သားကို သားခန့်လေးလို အလုပ်ကိုဦးစီးနိုင်ပြီး အရည်အချင်းရှိ​စေချင်တာ...ဒါပေမဲ့ ပြောရမှာတောင်ရှက်တယ်...''

ဂျက်ဆင်ကိုကြည့်မိတော့လဲ...ခုလိုနားထောင်နေရတာကိုစိတ်ပျက်​နေသလိုလို...ငါ​လေးအ​​​မြင်ကတော့ အဖေတစ်ယောက်က သားကိုအရမ်းနှိမ်လွန်းတယ်

"သားကတော့ အ​လေလိုက်
ရတာကြိုက်တယ်လေ...မိဘမရှိရင် ခွေးဖြစ်မှာကိုမသိရှာဘူး..''

"ဟို...ဒါပေမဲ့..''

ပြောမလို့လုပ်ရုံရှိသေး... ချစ်က မပြောဖို့မသိမသာလှမ်းတားတော့ ငြိမ်လိုက်ပေမဲ့ ဂျက်ဆင်အဖေက

"သမီးချီက ဘာပြောချင်လို့လဲ..''

ချစ်ကိုကြည့်တော့ မပြောနဲ့ဆိုပြီးမသိမသာ​ခေါင်းခါပြပေမဲ့ မရပါဘူး...ငါလေးက မတရားတာမြင်ရင်ကိုမနေနိုင်တာ... မပြောရရင် သေနိုင်တယ် စ်ိတ်မသက်မသာဖြစ်ပြီး

"အမြင့်မှာ ပျံနေတဲ့ငှက်ကိုကြည့်ပြီး ပျံတတ်လိုက်တာလို့ မတွေးသင့်ဘူးလေ...ငှက်တိုင်း မွေးကတည်းက ပျံတတ်တာမှမဟုတ်တာ..''

"မိချီ..တော်တော့..''

ချစ်ကတော့ ငါလေးစိတ်ကိုသိလို့ ဆက်မပြောဖို့တားနေတယ်...ဘာကိုကြောက်နေရတာလဲ ငါလေးကတော့ကိုယ်မှန်ရင်ပြောရဲတယ် ...ပြောလို့သေရမယ်ဆိုရင်တောင် နောင်တမရဘူး အဲ့တော့ဂျက်ဆင်အဖေကနေ

"သမီးချီ...ဆက်ပြောပါ သမီးအတွေးလေးသိရတာပေါ့..''

"ဦးက ဂျက်ဆင်ကို သူများတွေလိုအောင်မြင်စေချင်ပေမဲ့ အထင်မကြီးဘူးမလား...သူ့အ​​ပေါ်ယုံကြည်မှုလဲမရှိသလို... ​အလေး​​ပေးမဆက်ဆံဖူးဘူးလေ..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now