အပိုင်း။၁၄၈

3.3K 186 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၄၈။

လူတစ်ယောက်က သူ့ချစ်သူကို ဘယ်နှစ်ကြိမ်လောက် ကြွေဆင်းပြီး ချစ်နေလည်းတော့မသိ။ လုချင်းယီအတွက်မူ သူမယောင်္ကျားအပေါ် ခံစားချက်တွေက တဖြည်းဖြည်း နက်ရှိုင်းပြီး မရှိရင် မနေနိုင်လောက်အောင် ချစ်နေမိပြီ။

သူတို့နှစ်ယောက်လုံး ကြော်ငြာစရိုက်ဖို့ ပြင်နေကြပြီး... ရှန်းရီက အင်္ကျီလဲကာ ဓာတ်ပုံရိုက်ရမယ့် နေရာဆီ လျှောက်လာချိန်တွင် လုချင်းယီတစ်ယောက် ပါးစပ်ပါ ဟသွား၏။
ဝါး...ရာဇဝင်ထဲက မင်းသားလေးတစ်ပါး ငါ့အရှေ့ကို ရောက်လာသလိုပဲ။

ကြော်ငြာ၏ ပထမပိုင်းတွင် ရှန်းရီက လူသား အင်ပါယာမင်းကြီးအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး လုချင်းယီကတော့ နတ်သမီးတစ်ပါးအဖြစ်ပင်။
ထိုဇာတ်လမ်းထဲ၌ မင်းသားလေးသည် အင်ပါယာမင်းကြီးမဖြစ်ခင် နတ်သမီးလေးကို ကယ်ခဲ့ဖူးသည်။ အဲ့ဒီမှာဘဲ နတ်သမီးလေးက မင်းသားလေးကို ပထမဦးဆုံး ချစ်မိသွားခဲ့၏။သို့ပေမယ့် နှစ်ယောက်လုံး၏ ကွဲပြားလှတဲ့ ဘဝကြောင့် နတ်သမီးလေးသည် သူမခံစားချက်ကို မြိုသိပ်ကာ မသိသလို နေခဲ့သည်။

နောက်တစ်ပိုင်းမှာတော့ ထိုနတ်သမီးနဲ့ အင်ပါယာမင်းကြီးက တစ်ဦးနဲ့တစ်ဦး ချစ်မိကာ ခံစားချက်တွေ ပွင့်ထွက်လာကြပြီး မိုးမမြင်လေမမြင် ချစ်သွားကြ၏။ ကံဆိုးချင်တော့ ထိုအချိန်၌ စစ်ပွဲ​တွေ ရောက်ရှိလာတော့သည်။ သူတို့နှစ်ဦး မခွဲခင်လေးမှာ ချစ်ခြင်းရဲ့ သင်္ကေတအဖြစ် ဝတ်ဆင်ထားသည့် လက်ဝတ်တန်ဆာတွေကို လဲလှယ်ခဲ့ကြ၏။ ထို့နောက် သူတို့နှစ်ဦး ခွဲခွာခဲ့ရသည်။

အချိန်တွေကြာပြီးနောက် နတ်သမီးလေးသည် အင်ပါယာမင်းကြီးကို သွားရှာချိန်တွင် မင်းကြီးက သူမရဲ့ လက်ဝတ်တန်ဆာကို ကိုင်ကာ သေဆုံးခဲ့လေပြီ။

နောက်ထပ် မော်ဒန်ခေတ်မှာ လူပြန်ဝင်စားခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ရှာတွေ့ကာ ဖူးစာဆုံသွားကြတဲ့ ပုံစံမျိုးနှင့် ပြီးသွား၏။

ယွမ်ကျင့်တစ်ယောက် လုချင်းယီ၏ အကူအညီဖြင့် ငါးရက်ကြာပြီးနောက် ကျောက်မျက်ရတနာ တံဆိပ်ဖြစ်သည့် ' Enchanted Soul' ကို ရိုက်ကူးလို့ ပြီးသွားလေ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now