8

5.8K 921 65
                                    

||Unicode||

" ငရဲကို သွားလိုက် ခွေး@#@####@@"

*ဒိုင်း

ကျယ်လောင်တဲ့ သေနတ်သံနဲ့အတူ
ဂိုဒေါင်နံရံကို အနီရောင်ခြယ်လိုက်တဲ့ သွေးတွေ။

နှဖူးမှာ ကျည်ပေါက်ရာနဲ့အတူ အသက််မဲ့သွားတဲ့
ခန္ဓာကိုယ် တစ်ခု။

" လက်နတ်တွေကို အဆုံးခံပြီး ထွက်ပြေးလာတယ်ပေါ့"

" Boss ! Boss ကျွန်တော် တောင်းပန်ပါတယ် ..သူတို့ဘက်က အင်အားများတာမို့ မတက်သာလို့ပါ  ခွင့်လွှတ်ပေးပါ Boss !! "

" နားငြီးတယ် "

*ဒိုင်း

နောက်တစ်ကြိမ် နံရံကို စွန်းထင်းသွားတဲ့သွေး..

အာခေါင်ကနေ ခေါင်းအထိ ထုပ်ချင်း ဖောက်သွားတဲ့ ကျည်စံရာနဲ့အတူ နောက်ထပ် အသက််မဲ့ သွားပြန်တဲ့ လူတစ်ယောက်။

" ကျန်တဲ့ကောင်တွေလည်း သတိထားနေ
ဒါတွေကို ရှင်းလိုက် ပြီးရင် လက်နတ်တွေကို
ပြန်ယူ လာခဲ့  "

" Yes Boss "

လက််မှာ ပေနေတဲ့ သွေးစအချို့ကို ရေနဲ့
ဆေးလိုက်ကာ ဂိုဒေါင်ထဲက ထွက်သွားတဲ့
Jungkook .....

ဒါ အခြားအချိန်တွေနဲ့ လုပ်ငန်းခွင်မှာ တွေ့နေကြ
Jungkookရဲ့ ရက်စက်ပြီး ပြတ်သားတဲ့ ပုံစံပင်။

.

.

.

" Jungkook "

" ဟင် "

စိတ်ကြည်ဆေးလေးဖြစ်တဲ့ ထယ်ယောင်းရှိရာ
ပန်းခြံထဲလာပြီး အရိပ်ကအစ မျက်ခြည်မပြတ်
စေဘဲ ထိုင်ကြည့်နေမိတုန်း ဘေးနားလာထိုင်ကာ
စကား လာပြောတဲ့ ထယ်ယောင်း။

" ဟိုလေ ထယ့်ကို သေနတ်ပစ် သင်ပေးပါ့လား"

ရုတ်တရပ် မထင်မှတ်ထားတဲ့ စကားကို
ပြောလိုက်တာမို့ တကယ် အံ့ဩမိသွားတာအမှန်။

" ထယ်က ဘာလို့လဲ "

" ဒီတိုင်း Jungkookမရှိတဲ့ အချိန်တွေမှာ
တစ်ခုခု ဖြစ်လာခဲ့ရင် ကွကိုယ် ကာကွယ်ချင်လို့"

တကယ်တမ်းဆို ဒီတောင်းဆို ချက်ကို
သူ သဘောကျမိပါသည်။

ထယ့်ကို ကာကွယ်ပေးဖို့ သူအသင့်ရှိနေမှာ
ဆိုပေမယ့် ထယ့်ကို အများကြီး သန်မာစေချင်သည်။

𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||Where stories live. Discover now