အခန်း - ၇၈

8.3K 855 15
                                        

Unicode

အခန်း(၇၈) မျက်နှာနှစ်ဖက်-၁

"စောစောက ဖုန်းထဲမှာ လက်ထောက်ဖန်းက ပြော တယ်.. ရှင့်အစာအိမ် နာနေလို့ဆို"

အနည်းငယ်စဉ်းစားသုံးသပ်ပြီးနောက် ကုကျင် ပြုံး ရင်း သူ့ကို မေးလိုက်သည်။

"ဆေးသောက်ပြီးပြီးလား?"

"မသောက်ရသေးဘူး"

မုမျင်ချန်က တူကိုချရင်း ပြန်ဖြေသည်။ ပါးစပ်ကို သုတ်ပြီး ကုကျင်ထံ လေးနက်စူးစိုက်စွာ စိုက်ကြည့်ကာ

"မင်းရော? စားပြီးပြီလား?"

....သူတို့ရဲ့စကားပြောဆိုနေမှုမှာ ပုံမှန်မဟုတ်တာ တစ်ခုခုကို ခံစားနေရသည်။ ဒီအမျိုးသားက နေမကောင်း လည်း ဖြစ်မနေသလို ဆေးလည်း သောက်မထားပေ။

ကုကျင် စားပြီးပြီလား, မစားရသေးဘူးလားဆိုတာကို သူမေးနေစဉ် မုမျင်ချန်ရဲ့မျက်လုံးတွေထဲမှာ မြူးနေသော မှုန်ဝါးဝါး အလင်းရောင်တစ်ချို့ ရှိနေသည်။

ကုကျင် မျက်ခုံးပင့်လိုက်မိတယ်။ သူမ ခုလေးတင်ပဲ အခြားတစ်ယောက်နဲ့ စားလာခဲ့တဲ့အကြောင်းကို မုမျင်ချန် မသိဘူးဆိုတာ သူမ မယုံကြည်ပေ။ ခုနက သူမ ဖုန်းပြော နေစဉ် ဖန်ယွမ်သည် သူမရဲ့မျက်လုံးကို တည့်တည့် မကြည့်ရဲချေ။ သူ မုမျင်ချန်ထံ ထုန်လင်နဲ့သူမရဲ့တွေ့ဆုံမှု ကို တိတ်တိတ်ကလေး သတင်းပို့ထားတာပဲဖြစ်မယ်။

ဒါ့ကြောင့် မုမျင်ချန်ရဲ့ရည်ရွယ်ချက်က သူမအမှားကို ဝန်ခံဖို့ သူမကို ဖိအားပေးချင်တာလား?

ဟာသပဲ..။

"မင်း တစ်ခုခု မပြောတော့ဘူးလား?"

မုမျင်ချန်က လက်ကို ပိုက်ထားပြီး မထီပြုံးတစ်ခုနှင့် ထိုင်ခုံပေါ်ကို မှီထားသည်။

"မင်းနဲ့တူတူ နေ့လည်စာစားတဲ့ကောင်က ဘယ်သူ လဲ? မင်းနဲ့ ဆက်ဆံရေးက ဘာလဲ?"

သူ့အသံအနေအထားက တော်တော်လေး စပ်စုလိုသံ ဖြစ်နေ၏။ သူသာ အခြားချစ်သူကောင်မလေး တစ် ယောက်တွေ့ခဲ့ရင် သူမ ဆန့်ကျင်ဘက်လိင် သူငယ်ချင်း တစ်ဉီးနှင့် ထမင်းတူတူစားတိုင်း သူမကို မေးခွန်းထုတ်နေ မယ့်ရည်စားတစ်ယောက်နဲ့ ပြောဆိုဖြေရှင်းနေစရာလိုမှာ မဟုတ်တော့ဘူး။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Место, где живут истории. Откройте их для себя