21

6.9K 927 43
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH21- SURPRISE

မခံမရပ်နိုင်လောက်သော ခေါင်းကိုက်ဝေဒနာတစ်ခုဖြင့် လုဖုန်းနိုးထလာခဲ့သည် ။ အခန်းတွင်း၌ နေရောင်ခြည်တို့ ပြည့်လျှမ်းလျက် ။ သူကတော့ အိပ်ရာထက်တွင် မျက်နှာအပ်ကာ လဲလျောင်းနေခဲ့၏ ။ လက်နှင့်ခြေထောက်များမှာ ယခုတော့ အနှောင်အဖွဲ့များ လုံးဝကင်းစင်သွားခဲ့လေပြီ ။

လုဖုန်း နှစ်စက္ကန့်လောက်ငြိမ်သက်နေခဲ့ပြီးနောက် ကိုယ်ကိုတစ်ဖက်လှည့်ကာ အိပ်ရာပေါ်မှ ဆတ်ခနဲထလိုက်သည် ။ ထို့နောက် အိပ်ရာဘေးမှ မီးအိမ်ကိုဆွဲယူကာ အပေါ်မှမီးစလောင်းကို ဖယ်ထုတ်လိုက်သည် ။

လုဖုန်း ထိုနေရာတစ်ဝိုက်ကို သေချာကြည့်နေသော်ငြား တစ်စုံတစ်ယောက်ကိုမှ မတွေ့ရ ။ ခြေလှမ်းတိုင်းကို သတိကြီးကြီးဖြင့်လှမ်းကာ အခန်း၏အစိတ်အပိုင်းအားလုံးကို ပိုက်စိတ်တိုက်ရှာမိသည် ။

လုဖုန်း ခြေလှမ်းအနည်းငယ်မျှတောင် မလှမ်းရသေး ။ ခန္ဓာကိုယ်၏မပြောသင့်မပြောအပ်သောနေရာမှ တစ်စုံတစ်ခုစီးကျလာသည်ကို ခံစားမိလိုက်သည် ။ ထိုအရာက ပေါင်တံတစ်လျှောက်မှတစ်ဆင့် ခြေဖဝါးထိ စီးဆင်းလျက် ။ လုဖုန်း ခေါင်းကိုငုံ့ကာ တစ်ချက်ကြည့်မိသည် ။ ထိုအရာ၏အရောင်ကိုမြင်ရုံနှင့်ပင် လုဖုန်းစိတ်ထဲမှ တစ်စုံတစ်ယောက်အား သတ်ပစ်ချင်စိတ်သည် ပိုလို့ပင်နိုးထလာတော့၏ ။

အခန်းဖွဲ့ပုံ ၊ အပြင်အဆင်တို့ကား လောကျန်းယွင်နှင့်သူ အတူရှိနေခဲ့သည့်အခန်းနှင့် ဆင်တူလှ၏။ ထို့ကြောင့် မနေ့က သီးသန့်နိုက်ကလပ်ထဲမှာပင်ရှိနေသေးကြောင်း ကောက်ချက်ချလိုက်မိသည် ။

အကြော်အိုးကိုပယ်၍ မီးထဲတိုက်ရိုက်ပစ်ထည့်သည့် အလေ့လိုပင် ။ ဒီနေရာမှ ဧည့်သည်တော်တော်များများသည် ဂျီးများပြီး ဇီဇာကြောင်ပုံမရ ။ လူသွားစင်္ကြံတွင် ဝင်တိုက်မိသော လူတစ်ယောက်ကိုတောင် အိပ်ရာပေါ်ခေါ်တင်နိုင်သေး၏ ။ ဤနေရာမှ လူများအားလုံးသည် စိတ်ပျက်ဖွယ် အယုတ်တမာများသာ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now