အပိုင်း ၁၄

5.2K 438 6
                                    

ရေးထားသမျှ အကုန်ပျက်ကုန်လို့ပါ ဖုန်းကို လျှာရှည်ပြီး updateတင်လိုက်တာ ဖုန်းထဲရှိသမျှအကုန်ပျက်ကုန်တယ်🤧🤧🤧

Zawgyi

ပိုင်ဝေ့ရှင်း ဆိုင်ထဲမှ ထွက်လာခဲ့ပြီးနောက် အသာလေး လှည့်ကြည့်ရာ ဇာတ်လိုက်ကောင်နဲ့ ဇာတ်လိုက်မတို့ လက်ဆွဲထွက်သွားတာကို တွေ့လိုက်ရတယ်။ သူ ဆင်တဲ့အကွက်က အဆင်မပြေဘူးထင်၍ systemအားခေါ်မေးရာ system့အကူအညီဖြင့် လမ်းကြားထဲမှ ဇာတ်လမ်းလေးအားသိလိုက်ရရာ အူတက်မတတ်ဖြစ်သွားလေသည်။ အာ့တာပဲ ဇာတ်လိုက်မတွေ ကြာပန်းဖြူယောင်ဆောင်တော့လဲ သူတို့ပဲ။ သူတို့အလှည့်ကျမှ မခံမရပ်နိုင်တွေဖြစ်ပြီး မနိုင် နိုင်ရာ မဲကြတော့တာပဲ။
ဟီးဟီး ဝမ်းသာလိုက်တာ။

System.....hostရေ လုံးဝလေးစားပါတယ်နော် လုံးဝအကယ်ဒမီရှော့ပဲ

ပိုင်ဝေ့ရှင်း..... ဖြူလုံးလေးရယ် ငါက ဆရာကြီးပါဆို နင်ကယုံမှမယုံတာ ကြည့်နေ မကြာခင် သူတို့ဘက်ကထပ်လှုပ်ရှားလိမ့်မယ် ဒါနဲ့ ညကျ သူ့အကိုလုံဖေးဟယ် ဘယ်မှာရှိမယ်ဆိုတာ စုံစမ်းပေး

System ....... သိပါပြီ ဆရာကြီးhostရယ်
ဒါနဲ့ missionရှိတယ် ဇာတ်လိုက်မှာ တန်ဖိုးထားပြီး သိမ်းထားတဲ့အဖြူရောင်ကျောက်သားနဲ့လုပ်ထားတဲ့ လက်ကောက်တကွင်းရှိတယ် အာ့တာက အခြေအနေအပေါ်လိုက်ပြီးအရောင်ပြောင်းတယ် အာ့တာကို ရအောင်ယူပါ
point 2500ပါ

ပိုင်ဝေ့ရှင်း..... ချီးပဲ သူ သိမ်းထားတဲ့ဟာကို ငါကဘယ်လိုယူရမတုန်း သွားခိုးရမှာလား

System....... အာ့တာ ကိုယ့်ဟာကိုစဉ်းစား
ဘိုင့်~~~

ပိုင်ဝေ့ရှင်း.....😑😑😑😑😑😑😤

ရှောင်ဖေး မိမိရှေ့မှ မျက်နှာအမူအရာမျိုးစုံနဲ့ တသိမ့်သိမ့်တုန်နေသော သခင်မကြောင့် လိုက်မမှီနိုင်အောင်ဖြစ်ရသည်။ ဆိုင်ထဲတွင် မိမိလိုအနိမ့်စားအစေခံဘက်မှလိုက်ကာ တဖက်လူကို ပါးချလိုက်သောကြောင့် သခင်မအပေါ် ပို၍ပင် လေးစားလာမိသည်။ ဘယ်သူတွေပြောပြော အရင်ကဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့
အခုချိန်မှာ ပိုင်ဝေ့ရှင်းသည် သူမအပေါ် အလွန်ကောင်းသောသခင်မလေးဖြစ်သည်။ သူတသက်တာလုံး သခင်မလေးအတွက် ဘယ်လိုပဲ ပေးဆပ်ရပါစေ သူကျေနပ်စွာ ပေးဆပ်သွားမည်။ ဟိုဘက်ကမရိပ်မိသော်လည်း သူမကတော့ရိပ်မိလိုက်သည်။ သခင်မလေး
သပ်သပ် အရိုက်ခံလိုက်၍ လှည့်စားမှုလုပ်လိုက်သည်ကိုပေါ့။ ဆီးနှင်းကဲ့သို့ ကြည်လင်သောအသားအရေပေါ်မှ
အနီရင့်ရောင် သွေးခြေဥမတတ် လက်ဝါးရာကြီးကို တွေ့နေရတာ စိတ်ထဲမကောင်းချေ။
သို့သော် အရှင့်ရဲ့ သခင်မအပေါ် အသားပေး ဆက်ဆံမှုကြောင့် သူမအနည်းငယ် စိတ်ချမ်းသာခဲ့ရသည်။ သခင်မက အရှင့်ကို
ဘယ်လောက်ချစ်မြတ်နိုးကြောင်းကို သူမအသိဆုံးပင်။
အရှင့်သားကိုကြည့်ရတာလဲ သခင်မအပေါ် စိတ်အပြောင်းအလဲ ဖြစ်လာပုံပေါ်သည်။
သို့သော် သခင်မရဲ့သဘောထားသာအရေးကြီးဆုံးမို့ မိမိလိုအစေခံတယောက်အနေဖြင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိချေ။

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now