[28]<Uni>

7.9K 564 36
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[28]
•••••••••••••

အရင်တိုင်းမပြောင်းလဲရှိနေသည့်ရပ်ကွက်လမ်းလေးကသာသာယာယာ။လမ်းတလျှောက်ကအလှစိုက်ပန်းပင်တချို့နဲ့အုန်းပင်တွေကအစီအရီ။ရိပေါ်အထက်တန်းနှစ်တုန်းကဇီရွှမ်ကောနဲ့မနက်တိုင်းစက်ဘီးလေးတစီးနဲ့ဖြတ်သွားတတ်တဲ့ရက်ကွက်ပန်းခြံထဲမှာကလေးတွေဆော့နေကြတာတွေ့ရတယ်။

"Bae...ပျော်လား..."

ကားမောင်းနေရင်းခေါင်းကိုဖွဖွလာပုတ်သည့်ဦးကဒီနေ့တော့companyမသွားဘဲရိပေါ်အိမ်ကိုလိုက်ပို့ပေးခြင်း။မြင်နေကျsuiteနဲ့မဟုတ်သည့်ဦးကအနက်စင်းလေးတွေနဲ့ခပ်ပွပွရှပ်တစ်ထည်သာဝတ်ထားသည်မို့လူငယ်ဆန်ဆန်အတော်ကြည့်ကောင်းနေပြန်သည်။

"ဟုတ်ဦး...ကျေးဇူးတင်တယ်နော်..."

"အဟင်း...Baeပျော်ရင်ရပြီ..."

ကျေးဇူးတင်စကားပြောမိတော့လက်တစ်ဖက်နဲ့သူ့ဆံပင်တွေကိုထိုးဖွရင်းပြုံးပြလာသည့်ဦးကmanlyဆန်နေပြန်သေးသည်။

"Bae...ဒီအိမ်မလား..."

"ဟုတ်..."

ကားရပ်ပြီးတာနဲ့ရိပေါ်ခြံထဲကိုမျှော်ကြည့်မိတယ်။ခြံထဲကအလှပန်းပင်လေးတွေကသူရှိတုန်းကလိုစိုစိုပြေပြေနဲ့မို့ကောကကောင်းကောင်းဂရုစိုက်ပေးတာသေချာသည်။အရင်တိုင်းရှိနေသည့်နှစ်ထပ်တိုက်ပုလေးကိုကြည့်ရင်းရိပေါ်ဒေါ်လေးနဲ့ဇီရွှမ်ကောကိုပိုလို့တွေ့ချင်လာမိတယ်။

"Bae...လာ ခြံထဲဝင်ရအောင်..."

နောက်ခန်းကဝယ်လာသည့်အထုတ်တွေကိုလက်တစ်ဖက်ကဆွဲရင်းကားတံခါးဖွင့်ပေးကာလက်ကမ်းပေးသည့်ဦးကရိပေါ်ရဲ့တော်တော်ကဲဘဲညိုကြီးပင်။ခြံတံခါးကစေ့ပိတ်ထားရုန်ပဲမို့လူခေါ်ဘဲတီးမနေတော့ပဲရိပေါ်ဦးလက်ကိုတဲွဲပြီးအိမ်ထဲဝင်လာလိုက်တယ်။အမြဲတမ်းမေ့တတ်သည့်ဒေါ်လေးကဒီတခါလည်းအိမ်တံခါးဖွင့်ရက်ကြီးနှင့်နောက်ဖေးမှာအလုပ်ရှုပ်နေသေးသည်။တရှဲရှဲချက်ပြုတ်သံတွေထွက်နေသည့်မီးဖိုဆောင်ဘက်လျှောက်သွားလိုက်တော့မီးဖိုနားမှာယောင်းမတချောင်းနဲ့ကြော်လှော်ချက်ပြုတ်နေသည့်ဒေါ်လေးကရိပေါ်ရဲ့စားဖိုမှူးကြီးပင်။

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now