🦋36🦋

481 77 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋36🦋

        တစ်ဖက်တွင်ရှိ ဟွမ်ကျင်းရွှေတို့သည် စစ်ရှုံးတောင်ပေါ်သို့ ရောက်နေကြလေပြီ။ ဟွမ်ကျင်းရွှေ၏ အနီရောင်သွေးကြောများသည် ပိုပိုဆိုးလာပြီး သူ့ပါးပြင်အထိပါ ရောက်နေပြီဖြစ်၏။ ဖြူဖွေးသည့်စက္ကူသားထက်တွင် အနီရောင်ဆေးဖြင့် အကိုင်းအခက်များ ဆေးခြယ်ထားသလို ဖြစ်နေသည်။

        ရွမ်နျန်းပြောသလိုပဲ စစ်ရှုံးတောင်သည် အငြိုးအတေးကြောင့် ဝိညာဥ်ဆိုးအဖြစ် ပြောင်းလဲသွားသော မကောင်းဆိုးဝါးလိုကောင်သည် ဟွမ်ကျင်းရွှေတို့ တောင်ပေါ်တက်လာသည်နှင့် နေရာအနှံ့ကနေ တိုက်ခိုက်တော့သည်။

        ဟွမ်ကျင်းရွှေကော ရိယုံကောသည် သူယှဥ်နိုင်သောသူများ မဟုတ်တာကြောင့် ခဏအကြာ တိုက်ခိုက်ပြီးနောက်တွင် ဟွမ်ကျင်းရွှေ၏ကြိုးဖြင့် တုပ်နှောင်ခံထားရသည်။ မကောင်းဆိုးဝါးတောင် ဖြစ်နေတော့ နည်းတဲ့အစွမ်းအစတော့ မဟုတ်လောက်ဘူးထင်ထားခဲ့တာ။

        တိုက်ခိုက်ပြီးနောက် ဟွမ်ကျင်းရွှေ ခွီးခနဲ ရယ်ချပစ်တော့သည်။ ကြိုးတုပ်ခံထားရသော မကောင်းဆိုးဝါး၏မျက်နှာသည် မည်းမှောင်သွားပြီး မက်မွန်ပင်နှင့်တွဲ၍ အချည်ခံထားရသည့်ကြားမှ ဟွမ်ကျင်းရွှေကို လှမ်းလှမ်းကန်သေးသည်။

       မထိနိုင်တာ သိပေမယ့်လည်းပေါ့။

"မင်း..... မင်းဘာရီနေတာလဲ... "
"ငါကမင်းကို ရင်ဆိုင်ရခက်ခဲမယ်လို့ ထင်ခဲ့တာ.... မင်းရဲ့အစွမ်းက ကလေးသာသာပဲကို ဟားဟား....ဟား...."

"မရီနဲ့...."
"ဟားဟားဟား...."

"မင်းကို မရီနဲ့လို့ ပြောနေတယ်လေ... ဟွန့် ငါ့အစွမ်းက ကလေးသာသာဖြစ်နေတာ မဟုတ်ဘူး နတ်ဆိုးသားရဲသွေးကြောင့် မင်းရဲ့စွမ်းအားတွေက ပိုကောင်းနေတာကွ...."

       မကောင်းဆိုးဝါးက ပြောပြီး စိတ်ဆိုးစွာ မျက်နှာလွှဲသွား၏။

"ဟွန့်...."
"ကောင်းပါပြီ... ငါသိပါတယ် မင်းဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ"

"ငါနှစ်နေတာ နှစ်၅၀တောင်ကျော်ပြီကွ..."
"ဒါဆို ဒီကိုရွှေဝါရောင်ဆံပင်နဲ့ လူတစ်ယောက်လာသေးလား.... တွေ့မိလား"

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now