Episode - 40 (Z+U)

15.4K 1.4K 46
                                    

Unicode

....................

အခုဆို အပြင်ထွက်လာတာ နာရီဝက်တောင်ကျော်နေပြီ ။ ခွန်း ကြိုက်တဲ့ နန်းကြီးသုပ်ဝယ်နေရင်း လူကြပ်တာမို့ အမြန်ကြေးပေးကာ ဝယ်လိုက်ရသည်။ စားသောက်ဆိုင်နှင့် ဆေးရုံကမဝေးတာကြောင့် ကားမယူသွားတော့ဘဲ လမ်းသာလျှောက်လာလိုက်သည်။

ဆေးရုံရှေ့အရောက် နာရီကိုကြည့်မိတော့  ည ၇ နာရီတောင်ထိုးသွားလေပြီ ။ ခွန်း နိုးနေရင် ဗိုက်ဆာနေမှာဆိုးတာကြောင့် အမြန်ပြေး၍ ဆေးရုံထဲသို့ဝင်လာလိုက်သည်။

ထိုစဉ် အခန်းထဲ၌ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အရိပ်‌တွေကို အခန်းတံခါး မှန်အနောက်ပေါ်တွင် မြင်လိုက်ရတာမို့ တံခါးကိုချက်ချင်းတွန်းဖွင့်၍ဝင်လိုက်သည်။

( ဆေးရုံခွဲစိတ်ခန်းသုံး မှန်အဖြူအနောက် တံခါးကိုဆိုလိုသည် )

တံခါးကိုတွန်းဖွင့်၍ ဝင်လိုက်သောအခါ လူတစ်ယောက်က ခွန်းရဲ့ပါးစပ်ကိုလက်ဖြင့်ပိတ်ထားကာ လက်တစ်ဖက်ကဓားဖြင့် ခွန်းကိုထိုးရန် အားနှင့်အပေါ်ကိုမြှောက်လိုက်တာကိုမြင်၍ မာန် အားဖြင့်ထိုလူကိုခုန်အုပ်လိုက်သည် ။

ခွန်းကတော့ ကုတင်ပေါ်တွင်တသိမ့်သိမ့်တုန်ကာ ငိုနေလေသည်။

မာန်က‌ေတာ့ ထိုလူကိုတစ်ကိုယ်လုံးနှင့်ဖိထားလိုက်သည်။ ခဏအကြာတွင် ထိုလူ့ကိုယ်တွင် ဆွတ်ထားတဲ့ရေမွှေးအနံ့ကြောင့်အတွေးတို့ဟာ လွင့်စင်သွားသည်။အခြေအနေကိုအခွင့်ကောင်းယူ၍ ထိုလူက လက်ထဲကဓားနှင့် မာန့်ရဲ့ ထောက်ထားတဲ့လက်ကို ထိုးချလိုက်သည်။

ထိုလူကိုထောက်၍ဖမ်းထားသော မာန့်ရဲ့လက်တို့ပြေကျသွားသည်နှင့် ထိုလူဟာ ပြတင်းပေါက်ကနေထွက်ပြေးသွားလေသည်။

မာန် လည်းလက်ကဒဏ်ရာကိုလျစ်လျူရှု၍ ခွန်း အနားကိုသွား၍ ဖက်ထားလိုက်သည်။

" အရမ်းကြောက်နေလား? မကြောက်နဲ့တော့နော် ကိုကိုရှိတယ် "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now