🦋39🦋

498 77 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋39🦋

       ဟွမ်ကျင်းရွှေဆီက ရယ်သံတစ်ချက် ကြားလိုက်ရသည်။

"ကိုယ်အခု အရမ်းရုပ်ဆိုးနေလို့ မကြည့်သေးပါနဲ့လား"
"ကျင်းကိုကိုက ဘယ်တော့မှ ရုပ်မဆိုးပါဘူး.... ဒါပေမယ့် လော့လော်ကို မထားခဲ့ပါဘူးဆိုတဲ့ ကတိတော့ပေးရမယ် "

"ကိုယ်...."
"မပေးနိုင်ဘူးလား.... ထားခဲ့အုံးမှာလား"

"တောင်းပန်ပါတယ်.... နောက်မထားခဲ့ပါဘူး... ကတိပေးတယ်"
"အဲ့လိုမှပေါ့.... "

"အား....."

       ရုတ်တရက် စူးအောင့်လာတဲ့ နှလုံးကြောင့် ဟွမ်ကျင်းရွှေ မြေပြင်ပေါ် ဒူးနှစ်ဖက်လုံး ထောက်ကျသွားသည်။ သူ့နှလုံးသွေးတွေက ယခုဆိုရင် နတ်ဆိုးသားရဲသွေးတွေ တဖြည်းဖြည်း ဖုံးလွှမ်းနေပြီဖြစ်လို့ နာကျင်မှုက အတားအဆီးမဲ့စွာ နှိပ်စက်လာသည်။

       လော့လော်လည်း ပျာယာခတ်စွာနဲ့ ဒူးထောက်ရင်း လက်အစီအရင်တည်ကာ ချင်းချုံး၏ မျိုးနွယ်ကျင့်စဥ်ဖြင့် ဟွမ်ကျင်းရွှေကို ကုသပေးသည်။ ထိုအခါမှ ယဲ့ရှားလုံတို့လည်း အပြေးရောက်လာကြတော့သည်။

       ရိယုံသည် ရောင်ရမ်းကာ သူ့စွမ်းအင်တွေကိုထုတ်ပြီး ကုသပေးရန်ပြင်နေသည်။ ယဲ့ရှားလုံက သူ့လက်ကိုအမြန်ဖမ်းဆွဲရ၏။

"ဘာလုပ်တာလဲ... ရူးနေလား"
"ဟင်..."

"မင်းကမိစ္ဆာလမ်းစဥ်လေ...."
"ဟုတ်သားပဲ ဟုတ်သားပဲ ငါမေ့သွားတာ..... ဒါနဲ့ ငါ့လက်ကိုလွှတ်ပေးအုံးလေ..."

        ယဲ့ရှားလုံက စနောက်ဟန်ဖြင့် ပြောနေတဲ့ ရိယုံလက်ကို ခါထုတ်ပစ်လိုက်လေသည်။ သူကကိုင်ချင်လွန်းလို့မှ မဟုတ်ဘဲကိုး။ ပြီးတော့ သူကိုယ်တိုင်ကလည်း မိန်းကလေးဖြစ်နေပြီဆိုတော့ ယောကျ်ားလေးတစ်ယောက်၏လက်ကို ဆွဲတာက မသင့်တော်တဲ့ အပြုအမူမျိုး။

        သူယခင်က ယောကျ်ားတစ်ယောက် ဖြစ်ခဲ့သော်လည်း အခုအခြေအနေက မတူတော့ဘူးလေ။ သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေတယ်လို့ ခံစားလာရတာကြောင့် လှည့်ကြည့်မိတော့ ရိယုံက ပြုံးစိစိနဲ့ သူ့ကိုကြည့်နေလေသည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now