Part 65(unicode)

7.2K 1.3K 405
                                    


Chapter 65;

ယနေ့သည် သူFourth highကျောင်းမှပြောင်း
လာသည့်အချိန်ကတည်းကပထမဆုံးအကြိမ်ကျောင်းအိမ်စာမပြီးခဲ့တာဖြစ်သည်။

ကိုယ်ပိုင်စာကြည့်ချိန်တွင် သူအိမ်စာတစ်ဝက်
ကြိုရေးခဲ့ပြီး၊ကျန်တဲ့တစ်ဝက်ကိုညနေခင်းမှာ
ရေးဖို့စီစဥ်ထားတာဖြစ်သည်။သို့သော်,
လီပေါင်ကော်ရဲ့ပြသာနာက သူ့ကိုဖိစီးသွားခဲ့ပြီး ၊ အိမ်စာလုပ်ရန်ပင်စိတ်မပါတော့ပေ။ကုဖေးနှင့်
အတူအာလပသလာပလျှောက်ပြောနေတာကလွဲလျှင် သူ ဘာတစ်ခုမှလုပ်ချင်ကိုင်ချင်စိတ်ရှိ
တယ်လို့မခံစားရပေ။

ကျန်ချန်သည်ဖုန်းကိုလှမ်းယူပြီးမနက်နှစ်နာရီ
ထိုးတာမမြင်သေးခင်အချိန်ထိသူတို့ကစကားကောင်းနေခဲ့သည်။ နာရီကိုတစ်ချက်ကြည့်ပြီး
ကျန်ချန် အင်တင်တင်ဖြင့် လဲအိပ်နေရာကနေ
ထထိုင်လိုက်၏။
"အချိန်အရမ်းနောက်ကျနေပြီ။"

"ငါ မနက်ဖြန် ထနိုင်မှာ မဟုတ်ဘူး။ "
ကုဖေးကလဲနေအိပ်နေရာကနေ ထထိုင်လာပြီး
ကုတင်အုံးတာကိုမှီလိုက်သည်။
"မင်းစောစောနိုးရင် မင်းဘာသာမင်းပဲကျောင်း
ကိုသွားနှင့်လိုက်တော့ ။ငါ့ကို မနှိုးနဲ့။ "

ကျန်ချန် သူ့ကိုစိုက်ကြည့်လိုက်တယ်။
"မင်းအခုတစ်လောကျောင်းမနောက်ကျသင့်
ဘူး။မင်း အပေါ်မှာ တကယ် စည်းကမ်းတင်း
ကြပ်မှ ဖြစ်တော့မယ်။"

"ငါလည်းဘယ်တတ်နိုင်မလဲ?။ ငါ့ကောင်လေးက ထိပ်တန်းကျောင်းသားဖြစ်နေတာငါ့အပြစ်မှ
မဟုတ်တာ။ပေါင်ပေ့ကရင်ထဲမှာတိတ်တိတ်လေးခံစားနေပြီး နှုတ်ကဝန်မခံချင်ဘူးလား?။ "

"သွားစမ်း!"
ကျန်ချန် အိပ်ယာပေါ်ကဆင်းပြီး အဝတ်ဗီရို
တံခါးကို ဆွဲဖွင့်လိုက်သည်။
"အိပ်ရအောင် ၊မင်း ငါ့ရဲ့ ညအိပ်ဝတ်စုံကို
ယူဝတ်လို့ရတယ်။ "

"မင်းဆီမှာ ခေါင်းအုံးတစ်လုံးတည်းရှိတာ
မဟုတ်ဘူးလား?။ "

"အင်း။ "
ကျန်ချန်ဗီရိုထဲကညအိပ်ဝတ်စုံတစ်စုံကိုထုတ်ပြီး
သူ့ဆီပစ်ပေးလိုက်၏။
"မင်း စောင်တစ်ထည် ယူပြီး ခေါက်အိပ်လို့ရတယ်။ "

ကုဖေးကပြောလာသည်။
"ငါ အဲ့လိုအရာတွေပေါ်မှာ မအိပ်တတ်ဘူး။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now