Part 66(unicode)

7.3K 1.2K 188
                                    


Chapter 66;

နေ့ရက်များကုန်လွန်သွားသော်လည်းအထက်
တန်းကျောင်းLiberal Art အဆောက်အဦးမှာ
ရှိသည့်လူတိုင်းရဲ့အာရုံသည် ကုဖေးရဲ့ ကတုံး
ပြောင်ပြောင်ပေါ်မှာကျရောက်နေဆဲဖြစ်သည်။ Liberal Artအဆောက်အဦးတွင်ထိုသို့ဖြစ်ရတဲ့
တစ်ခုတည်းသောအကြောင်းရင်းမှာ ကျန်ချန်ရဲ့ ပမာဏနည်းလွန်းသော လှုပ်ရှားသွားလာမှုကြောင့်ဖြစ်၏။ကျန်ချန်သည်အများသုံး သန့်စင်ခန်းသွား
လိုသည့်အချိန်တွင်သာ
အဆောက်အဦးအပြင်ထွက်လေ့ရှိပြီး ဖြတ်သွား
ဖြတ်လာလုပ်တဲ့နေရာများရှားပါ၏။

[TN; China အထက်တန်းကျောင်းအများစုမှာ
က Liberal Arts နဲ့ Sciences ဆိုပြီးနှစ်မျိုးခွဲ
ထားထားပါ။]

ကျောင်းဖိုရမ်တွင် ပွက်လောရိုက်​ပြီး တချို့ကခိုးကြောင်ခိုးဝှက်ရိုက်ထားသောဓာတ်ပုံများကိုအပြိုင်ကြွားဝါးနေရင်းဆူဆူပျားပန်းခပ်လျှက်
ရှိသည်။သို့သော်လောင်ရွှီကကုဖေးကိုစစ်ဆေး
ကြည့်ဖို့သူ့ဦးထုတ်ကို အတင်းချွတ်ခိုင်ချိန်တွင်
ကုဖေးရဲ့ပုံအားအမိအရခိုးရိုက်ထားသည့်တစ်
ယောက်မှလွဲ၍မျက်စိအောက်ရှိသည့်ကုဖေးရဲ့
ခေါင်းကို မည်သူမှအမိအရဓာတ်ပုံ မရိုက်ထား
မိပေ။

ကျန်ချန်တစ်ယောက်တည်းသာလျှင် ထိုကတုံးပြောင်ပြောင်ကိုမျက်စိအောက်မှာ အပြည့်အဝ အရသာခံစားခွင့်ရရှိသူဖြစ်၏။ရိုးရိုးတန်းတန်း
ကြည့်ရုံသာမကစေ့စေ့ကြည့်လည်းရသည်။သူ
ကစေ့စေ့စပ်စပ်ကြည့်လို့ရရုံသာမကဘယ်ချိန်ဖြစ်ဖြစ် ထိုကတုံးပြောင်ပြောင်က လက်ဆန့်၍
ပွတ်သပ်လို့ရသည့်အခွင့်အရေးလည်း ရှိသည်။

"မင်းတစ်ချိန်လုံးအိမ်စာပဲဆက်တိုက်လုပ်
နေတော့မှာလားဆိုတာ ငါသိချင်တယ်။"
ကုတင်အစွန်းမှာထိုင်နေသည့် ကုဖေးက ညာ
လက်တွင်ဘောပင်တစ်ချောင်းကိုင်ပြီးစာရေး
နေရင်းတန်းလန်း ဘယ်လက်နှင့် သူ့ခေါင်းကို ပွတ်သတ်နေသည့်ကျန်ချန်ကိုကြည့်နေ၏။
"မင်းအိပ်စာလုပ်ပြီးရင် ငါတို့အပြင်ထွက်ပြီး
မုန့်စားမယ်လို့ ပြောခဲ့တာမလား ?။"

"ဖြည်းဖြည်းပေါ့ ။မင်းသာ ငါ့ကို အနှောက်
အယှက်မပေးနဲ့ ။ငါခဏနေရင်ပြီးတော့မှာ။
စီကျုံးအထက်တန်းကျောင်းကအိမ်စာတွေ
လောက်က​ေတာ့ သူတောင်းစားကို ရှုးရှုးဆို
ပြီး မောင်းထုတ်တာကမှ ခက်အုံးတယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now