Chapter _ 13

26.4K 1.9K 62
                                    

Unicode
********

Baby Bunny ရဲ့သတင်းရပြီဆိုတဲ့စကား
ကြားသည်နှင့် မာန် အလုပ်တွေအကုန်ပစ်ချ
ကာ Baby ရှိတဲ့နေရာကိုအမြန်ဆုံးထွက်လာ
ခဲ့သည် ။ ဘုန်းမင်း ပေးလာတဲ့သတင်းအချက်
အလက်တွေအရတော့ Baby ကအခုချိန်ဆို
ကျောင်းမှာဘဲရှိနေလောက်သည် ။

မာန် တို့ကားတွေကျောင်းရှေ့ကိုရောက်သွား
ချိန်မှာတော့ ကျောင်းမှာလူပင်မရှိတော့ချေ ။
သို့ပေမယ့် မာန့် စိတ်ထဲမှာ Baby ကအနီးနား
မှာဘဲရှိနေတယ်လို့ခံစားနေရတာကြောင့် ဒီနေ
ရာမှာအရင်ရှာပြီး Baby မရှိဘူးဆိုတာသေချာ
မှတခြားနေရာတွေကိုဆက်ရှာရမည် ။

ကျောင်းဝင်းတစ်ခုလုံးလူအင်အားသုံးပြီးရှာ
ဖွေခဲ့ပေမယ့် မာန့် Baby Bunny ကိုတော့ရှာ
မတွေ့ခဲ့ပေ...။ Baby ကျောင်းမှာမရှိလောက်
တော့ဘူးလို့စဥ်းစားမိနေစဥ်မှာဘဲ မာန့် လူတစ်
ယောက်ပို့လာတဲ့သတင်းအစအနလေးကို
လက်ခံရရှိခဲ့သည် ။

ကျောင်းအဆောင် ၂ မှာ Baby ရဲ့နာမည်ပါတဲ့
စာအုပ်တွေနဲ့ သွေးတွေကိုရှာတွေ့တယ်ဆိုတဲ့
သတင်းစကားကြောင့် မာန် စိတ်တွေမွန်းကြပ်
လာခဲ့သည် ။ အဲ့ဒီသွေးတွေက Baby သွေး
တွေသာဖြစ်နေခဲ့ရင်ဆိုတဲ့စိတ်နဲ့ မာန် အသက်
ရှူပင်မဝတော့...။

" ဒီနေရာတစ်ခုလုံးမြေလှန်ပစ်ရမယ်ဆိုရင်
တောင် Baby Bunny ကိုရအောင်ရှာ!!! "

မာန့် လူတွေကိုအမိန့်ပေးပြီးတာနဲ့ မာန် ကိုယ်
တိုင်လည်းကျောင်းအနောက်ဘက်အပြင်တွေ
အထိလိုက်ရှာနေခဲ့သည် ။ မာန် လိုက်ရှာနေစဥ်
ကျောင်းနောက်ကလမ်းငယ်လေးထဲမှာလှမ်း
မြင်လိုက်သည့် သေးငယ်တဲ့ပုံရိပ်လေးကြောင့်
မာန် စိတ်လှုပ်ရှားစွာဖြင့် အမြန်ပြေးသွားခဲ့မိ
သည် ။

အနီးနားရောက်ခါနီးလေးမှာ မျက်ရည်တွေရွဲ
ကာလှည့်ကြည့်လာတဲ့ပုံရိပ်လေးက မာန့် ရင်
ကိုအစိမ်းလိုက်ခွဲဖို့ ကြိုးစားချင်နေသလိုပင် ။
အညိုမဲစွဲနေတဲ့လက်လေးနှစ်ဖက်ကို မာန့် ဆီ
ကမ်းပေးကာလဲကျသွားတဲ့ Baby Bunny ရဲ့
ခန္ဓာကိုယ်လေးကိုအရှိန်ဖြင့်ပြေးကာဖမ်းပွေ့
ထားလိုက်ရသည် ။

မာန် ဘဝတစ်လျှောက်လုံးရှာဖွေခဲ့ရတဲ့ Baby
Bunny လေးကအခုလိုနွမ်းလျစွာနဲ့ရှင်သန်ခဲ့ရ
သည်တဲ့...။ သန့်ရှင်းနေပေမယ့်ဟောင်းနွမ်းစ
ပြုနေပြီဖြစ်တဲ့အဝတ်လေးတွေနဲ့ မာန့် လက်
တစ်ပွေ့စာဘဲရှိတဲ့ခန္ဓာကိုယ်လေးက ဒီနှစ်တွေ
ထဲမှာ Baby ဘယ်လိုရှင်သန်ခဲ့ရသလဲဆိုတာ
မြင်သာစေသည် ။ Baby က မာန့် ကိုရင်ကွဲနာ
ကျပြီးသေသွားစေချင်နေပြီထင်ပါရဲ့...။

💞 Eternal Love 💞 { Completed }Where stories live. Discover now