Episode - 46 - Final (Z+U)

25.5K 1.2K 107
                                    

Unicode

.....................

အရှေ့ကမြင်ကွင်းကိုကြည့်ပြီး မာန်အတော်အံံ့သြနေမိသည်။ သူသိခဲ့ဖူးတဲ့ ဟေဇယ်မိုးဆိုတာ ဒါမျိုးမဟုတ် ။

အာကာထွဋ် သူ့ကိုယ်တွင်ထိုးစိုက်ခြင်းခံထားရတဲ့ဓားကိုဆွဲထုတ်၍ လဲနေလျက်ပင် ဓားကိုကိုင်ကာ ဟေဇယ့်ခြေထောက်ကို လှီးဖြတ်လိုက်သည်။ ဟေဇယ် အလျှင်အမြန်ရှောင်လိုက်သော်လည်း အနည်းငယ်တော့ထိသွားသေးသည်။

ဟေဇယ်လည်းသူ့ကိုပြန်လုပ်နေတဲ့သူကိုဒေါသထွက်ကာ ဗိုက်ကို ဒေါက်ဖိနပ်ထိပ်ဖူးနဲ့ကန်လိုက်သည်။ ခံရတဲ့ အာကာ့တွင်တော့မသေရုံတမယ် ။

" အ့....မင်း....မကောင်းတဲ့....မိန်းမ...."

အကွယ်တွင်ရပ်ကြည့်နေသော ဘုန်းစစ်ဟန် မနေနိုင်တော့ဘဲ ထွက်လာလေသည်။

" မကောင်းတဲ့မိန်းမ! အဲ့လိုဆိုတာ ငါအစောကြီးကတည်းကသိခဲ့သင့်တာ "

ဘုန်းစစ်ဟန် အရှေ့ကိုထွက်ဖို့ကြံလိုက်သော်လည်း ထိုက် ကဒုက္ခရောက်မည်ဆိုးတာကြောင့်ပြန်ဆွဲထားရသည်။ အောက်ပိုင်းကလည်းနာနေတုန်းပဲမို့ ဘုန်းစစ်လည်းငြိမ်လိုက်သည်။

မကြာခင်ပဲ သူတို့အနောက်ကနေ မုန်းမာန်စစ်သွေး ထွက်လာ၍ ဟေဇယ့်ရှေ့ကိုသွားကာ ဦးတည်ပြောတော့ ဟေဇယ်က ကြောင်၍ သူ့ကိုရပ်ကြည့်နေလေသည်။

ခဏနေတော့မှ သတိပြန်ဝင်၍ ပြတင်းပေါက်နေခုန်ချလေသည်။ နာနေသော ခြေထောက်အရှိန်ဟာ ခုန်ချတဲ့ဒဏ်နဲ့ပေါင်းပြီး သွေးတွေအဆက်မပြတ်ထွက်လာလေသည်။

အနောက်ဘက်တွင်တောကြီးဖြစ်နေတာမို့ အာကာ့ကိုဘုန်းစစ်နဲ့ထားခဲ့ကာ ထိုက်ရော မာန်ရော ဟေဇယ်မိုးပြေးရာနောက်ကိုလိုက်လာလေသည်။

သွေးစက်တို့ကိုခြေရာခံ၍ လိုက်လာသော်လည်း တစ်နေရာအရောက်တွင် သွေးစက်တို့ဟာ လမ်းစပျောက်သွားလေသည်။

" ကျစ်!"

" ကိုစစ်သွေး ဟိုနားမှာတစ်ခုခုတွေ့.... အ့ "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now