Chapter_104

4.8K 684 34
                                    

{Zawgyi}

(မကြိုဆိုထားသော ဧည့်သည်များ-၃)

ရီကျန်းဆီကို လာလည်မည်ဆိုသည့် အဖေရီ၏ပြောစကားကို လုပေရွှမ်းက ငြင်းဆန်ခဲ့သော်လည်း ကိုယ်ဝန်ဆောင်ထားသည့်သမီးဆီသို့ မိဘနှစ်ပါးက အလည်လာသည်ကိုတော့ လက်ခံနိုင်လိမ့်မည်ဟု အဖေရီတွေးလိုက်လေ၏။

ဒါကြောင့်လည်း အဖေရီသည် နောက်တစ်နေ့တွင် သူ့မိန်းမကိုခေါ်ကာ လုဗီလာရဲ့တံခါးကို ခေါက်ခဲ့တော့သည်။ (သွားလည်သည်)
ကိုယ်ဝန်ဆောင်အတွက် လိုအပ်သောအသုံးအဆောင် တော်တော်များများကို ယူဆောင်ရင်းနှင့်ပင်။

ခမည်းခမက်တွေက ကိုယ် မကြိုဆိုတဲ့ ဧည့်သည်တွေ ဖြစ်နေရင်တောင် သူတို့လာနေသည်ကိုမြင်တဲ့အခါမှာ တံခါးဆောင့်ပိတ်ထားသည် (မကြိုဆို / အိမ်ထဲဝင်ခွင့်မပြု )က ကောင်းမွန်တဲ့အပြုအမူ မဟုတ်သည်ကိုတော့ အမေလုက သိပေ၏။ သူတို့ကို ယဉ်ယဉ်ကျေးကျေး ကြိုဆိုရပေမည်။

အဖေရီနှင့် အမေရီသည် လုဗီလာကို လာဖူးတာ ပထမဆုံးအကြိမ်ပင်။ ရီမိသားစု ဗီလာမှ အလွန်အမင်းကြွားဝါလွန်းသလိုဖြစ်နေသည့် အပြင်အဆင်တို့နှင့် နှိုင်းယှဉ်ကြည့်ပါသော် လုဗီလာမှ အပြင်အဆင်များသည် ရိုးရိုးရှင်းရှင်းနှင့်သာ မြင့်မားသောအဆင့်အတန်းကို ပြသလို့နေပေသည်။

" ခမည်းခမက်တို့ ထိုင်ပါအုံး  ကျန်းကျန်း ကိုယ်ဝန်ရှိနေတဲ့ကိစ္စကို ခမည်းခမက်တို့ကို သတင်းပေးမလို့ပါပဲ  ကျန်းကျန်းရဲ့ကိုယ်ဝန် တည်ငြိမ်သွားမှပဲ ပြောပါတော့မယ်လို့ ကျွန်မက စဉ်းစားမိလိုက်လို့ သတင်းမပေးဖြစ်ဘူး ဖြစ်သွားတယ်ရှင် "  အမေလု နူးညံ့စွာပြောလိုက်လေသည်။

" ရပါတယ်ဗျာ ကျန်းကျန်းက ငယ်ငယ်လေးကတည်းက ချူ ချာတတ်တာ ကျွန်တော်တို့ သမီးငယ်လေးကို သေချာဂရုစိုက်ပေးပါအုံး "  အဖေရီက ပြုံးရင်းဖြင့်ဆို၏။

အဖေရီနှင့် အမေရီတို့ ၂ဦး ဆိုဖာပေါ်မှာ ထိုင်ပြီး ပြီးချင်းမှာပဲ အမေလုက စကားအနည်းငယ်ဆိုလိုက်လေသည်။ ခေတ္တအကြာမှာ အိမ်ဖော်အချို့က လက်ဖက်ရည်လာချပေးကာ ပြန်ထွက်ခဲ့လေ၏။

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now