Cha-9

8.6K 1.9K 100
                                    

[Unicode]

ပါတီစတာမကြာသေးသော်လည်း အခန်းထဲက
လူတွေမှာ​တော့ ခင်ခင်မင်မင်ရင်းရင်းနှီးနှီး သူ့လူကိုယ့်လူအုပ်စုလိုက်လေးတွေတောင် ဖြစ်လို့နေချေပြီ။

လူတွေပျားပန်းခတ်ရှုပ်​ထွေးနေချိန်မှာ ယွီချင့်ဟွမ်
တယောက်သာ ​ထောင့်တ​နေရာမှာတ​ယောက်တည်း ထိုင်နေသည့်အပြင် အပင်တွေနှင့်ပါကွယ်နေသည့် အတွက်ကြောင့် ပို၍ပင်မထင်မရှားဖြစ်နေလေ၏။

ကျောက်ချင်းယွမ်ရောက်နေပြီဖြစ်ကြောင်း စတင်သတိပြုမိသူမှာ ဒါရိုက်တာလျိူသာဖြစ်​ချေသည်။

ဝိုင် ၃ ခွက်လောက်မော့ပြီးချိန်မှာတော့ သူ့မျက်နှာပေါ်တွင် ခါတိုင်းတွေ့မြင်နေကြ တည်ကြည်လေးနက်မှုမှာ လုံးလုံးလျားလျားပျောက်ကွယ်နေပြီဖြစ်သည်။

မူးနေသောသရုပ်ဆောင်တွေ၏ အနာဂါတ်အား အကြီးကြီးပုံဖော်စိတ်ကူးယဉ်နေစဉ် ထောင့်နားက တစုံတယောက်၏ ​လှောင်​ပြောင်သရော်သံကိုအမှတ်မထင် ရုတ်တရက်ကြားလိုက်ရ၏။

ဘယ်ကောင်ကဒီလောက်ရဲတင်းလဲကွ ဆိုပြီး အသံလားရာကြည့်မိတော့ ကျောက်ချင်းယွမ်၏ လှောင်ရိပ်စွန်း​ထင်းနေသာ သရော်​တော်​တော်မျက်လုံးများနှင့် တန်းတိုးတော့သည်။

သူဘယ်အချိန်ကရောက်လာပါလိမ့်?

ဒါရိုက်တာလျိုမှာ အံအားသင့်တုန်လှုပ်သွားရပြီး ချက်ချင်းပဲသူ့ဆီရောက်သွားကာ

“မင်း ဘာလို့ ဒီမှာလာပုန်းနေရတာလဲ? ငါတို့ကို လာနှုတ်ဆက်ရမှာပေါ့...”

“ဘာလို့ အလုပ်ရှုပ်ခံမှာလဲ?”

ကျောက်ချင်းယွမ်က သူ့အားသာမာန်ကာလျှံကာမျှလက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

“အဲ့မှာအရမ်းနားညီးတယ်... ဒီမှာနေရတာ ပိုကောင်းတယ်...”

လျိူကျားအန့်မှာ ကျောက်ချင်းယွမ်အဖိုးလက်အောက်ခံစစ်သားအဖြစ်တောင်တာဝန်ထမ်းဆောင်ခဲ့ဖူးသေးသည်။

သူစစ်တပ်မှထွက်လာသည့်အချိန်ထိ​တောင် သူတို့ကြား အဆက်အသွယ်တွေမပြတ်​သေးပေ။ ထို့ကြောင့်လည်း သူတို့မှာကောင်းမွန်တဲ့ဆက်ဆံရေးမျိုးအမြဲရှိလေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now