Chapter -102

11.3K 1.5K 156
                                    

Unicode
~~~~~~~

ရှန်ဖန်းဂူတစ်ယောက် ပေါက်ကွဲမှုဖြစ်တဲ့နယ်အနီးတစ်ဝိုက် သူကိုယ်တိုင် ရှာဖွေမှုတွေပြုလုပ်ခဲ့တယ် … ထိကျတဲ့မြေခွေးတွေက ခြေရာလက်ရာမကျန်စေခဲ့ပေမဲ့ ပါးလစ်တဲ့ရှန်ဖန်းဂူကလဲ မြူမှုန်လောက်လေးကအစတွေ့အောင်ရှာနိုင်ခဲ့တယ် … သူ့ရဲ့ရှာဖွေမှုကို ယာရှာက အဓိကကူညီပြီး ချူးရှန့်ကိုတော့မတွေ့ရဘူး …

" သခင်လေး ချန်းလူကြီးမင်းရဲ့လုပ်ရက်ဆိုတာသေချာပါတယ် … ဒါပေမဲ့ သူသုံးထားတာတွေက Lion ရဲ့အမှတ်တံဆိတ်တွေမို့ ဖော်ထုတ်ဖို့ကမလွယ်ကူဘူး "

" သူနဲ့ပူးပေါင်းနေတဲ့အဖွဲ့အစည်းကိုရော မင်းသိလား "

" သူတို့ကလျှို့ဝှက်လွန်းပေမဲ့ သူတို့ရည်ရွယ်ချက်ကတော့သိသာလွန်းတယ် … ရှန်ဟွှာကိုဖြိုချပြီး ချန်းကအမောက်ထောင်ချင်နေတာ … ထူးဆန်းတာက သခင်လေးရဲ့အကြောင်း Lion အမှတ်တံစိတ်တွေကအစ အတုခိုးနိုင်တာဆိုတော့ သခင်လေးရဲ့အတွင်းလူတစ်ယောက်ယောက် သူတို့ဘက်မှာရှိနေနိုင်တယ် "

သူမကဆက်၍ပြောကြာလာတယ် …

" ကျွန်မ ပတ်အိမ်တော်မှာနေတုန်းကလျှို့ဝှက်ချက်တစ်ခုတွေ့ခဲ့တယ် … လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က တားမြစ်ထားတဲ့ ဆေးကြမ်းတစ်ခုရှိခဲ့ဖူးတယ် … အဲ့ဒါက ပိုင်သခင်ကြီးပဲသိတာလို့ပြောပေမဲ့ ဆေးကြမ်းကတော့ ပျောက်ဆုံးနေတာကြာပြီတဲ့ … အဲ့ဒိဆေးကိုဖော်စပ်ပြီးစမ်းသပ်ရင်း ပိုင်မိသားစုပြိုလဲပြီး ရှန်သခင်ကြီးလဲပြစ်မှုမြောက်ခဲ့တာလို့မှတ်တမ်းထဲမှာရှာတွေ့ခဲ့တယ် … ရှန်ဟွှာနဲ့ပိုင်ကိုသွေးကွဲစေတဲ့အရာပေါ့ "

ထိုအကြောင်းအရာတွေက ဖန်းဂူရဲ့အတိတ်ကိုနှိုးစွလိုက်သလိုပင် … ဒီစမ်းသပ်မှုဆိုတဲ့အကြောင်းကိုမကြားချင်သလို ပိုင်မိသားစုပြိုကွဲတဲ့အကြောင်းကိုလဲမကြားချင်ဘူး … သေချာပေါက် သူတို့ယုံကြည်နေတာက ထိုဆေးကြမ်းကြောင့် ရှန်ဟွှာကပိုင်ကိုသစ္စာဖောက်ပြီး ဖြိုးလှဲလိုက်တာဟူ၍ … တကယ်တော့အရာအားလုံးကတိုက်ဆိုင်သွားယုံမျှသာ … တွန်းအားပေးခံရမှုတစ်ခုကြောင့်သာ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now