Chapter - 103

11K 1.6K 216
                                    

Unicode
~~~~~~~

ရှန်ဟွှာရဲ့လုပ်ရှားမှုတွေကပါးလစ်သလို တဖက်ကရန်သူတွေကိုလဲ တုန်လှုပ်စေခဲ့တယ် …

" မင်း … ဘာပြောလိုက်တယ် "

" သခင်လေး အချိန်ဆွဲနေလို့မဖြစ်တော့ပါဘူး … ရှန်ဟွှာဘက်က တိတ်တဆိတ်လှုပ်ရှားနေပြီ … သခင်လေးရဲ့ ပလန်တာမအောင်မြင်ရင် အားလုံးကိုဆုံးရှုံးရပါလိမ့်မယ် "

" မဖြစ်ရဘူး … ငါအများကြီးကြိုးစားလာခဲ့တာ … ငါ့မိသားစုကိုပြိုကွဲစေတဲ့သူတို့ကိုလက်စားချေဖို့ ငါ့ပိုင်ဆိုင်မှုတွေကို ပြန်ရယူဖို့ ငါရှန်ဟွှာရဲ့အရှင်အခင်ဖြစ်လာစေဖို့ အများကြီးပေးဆပ်ပြီးပြီ … ရှန်ဖန်းဂူ မင်း … မင်းဘာကြောင့်မသေပဲ ပြန်ပေါ်လာရတာလဲ … မင်းဘာကြောင့်မသေသေးတာလဲ ”

ဒေါသများပေါက်ကွဲပြီး အနားမှာရှိတဲ့ပစ္စည်းတွေနဲ့ နံရံအားပြစ်ပေါက်လိုက်ခြင်းကြောင့် သတင်းပေးလာသည့် လူယုံပင် လန့်သွားလေတော့တယ် … ပေါက်ကွဲနေသည့် ထိုလူကတော့ ရှန်ရှုမန်းဖြစ်ပြီး သူ့ရဲ့ရှန်ဟွှာကိုသိမ်းပိုက်မဲ့အစီစဉ်ကြီး ပျက်စီးတော့မည်ကိုသိရတော့ ပေါက်ကွဲနေခြင်းပင် …

" ဘာတွေ ဒီလောက်တောင် ပေါက်ကွဲနေရတာလဲ ကိုရဲ့ "

အနောက်ကအသံကြားတော့မှ ရှုမန်းငြိမ်သွားပြီး သတင်းလာပေးတဲ့လူတွေကို အမြန်ထွက်သွားစေလိုက်တယ် … သေးသွယ်တဲ့ကိုယ်လေးနဲ့ ကောင်ငယ်လေးက အမြဲဆင်မြန်းထားတတ်တဲ့အပြုံးလေးကို မျက်နှာထပ်မှာ ဖန်းတီးလျှက် လက်ထဲမှာလဲ အနီရောင်အရည်ထည့်ထားတဲ့ခွက်လေးကိုကိုင်ကာ ဒေါသကြီးနေတဲ့ ရှုမန်းထံလျှောက်လာပြီး ကမ်းပေးလိုက်တယ် …

" အမောပြေလေး သောက်လိုက်ပါအုံးကိုကို "

ရှုမန်းလဲ စိတ်အနည်းငယ်ပြေသွားအောင် ထိုခွက်အားယူကာမော့ချလိုက်တယ် … အရည်တွေက စပ်ဖျဉ်းဖျဉ်းပေမဲ့ အရသာကတော့ ကော့တေးနဲ့ဆင်တူပြီး သူ့ကိုစွဲလမ်းစေတဲ့အရသာမျိုး … ထိုကောင်လေးက ဒီလိုဖျော်ရည်တွေဖန်တီးနိုင်တာကလဲ သူ့အတွက်မထူးဆန်းပါဘူး … ဘာလို့ဆို ဘားရဲ့အအေးဖျော်စပ်သူ ရှန်ဖန်းဂူရဲ့လူယုံ ရန်အာ ဖြစ်နေလို့ပဲလေ … ရန်အာနဲ့တွေ့ကတည်းက သူ့ရဲ့ဖျော်စပ်ပေးတဲ့ ကော့တေးအရသာတွေအောက်မှာ ရှုမန်းဆွဲလမ်းနေခဲ့တာ ခုချိန်ထိပါပဲ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now