Unicode
တိမ်ယံလွှမ်းတဲ့တောင်🦋48🦋
"ဘယ်သူက အဝေးကြီးသွားလို့လဲ.... ကြည့်လိုက် ဒီကနေလှမ်းကြည့်ရင်တောင် ကျီဟန့်တို့ကို လှမ်းမြင်ရတယ် "
လော့လော် အနောက်ကိုတစ်ချက် ပြန်ကြည့်မိသည်။ အမှန်တကယ် လှမ်းမြင်နေရပါသည်။ စောစောက သူမသည် ပုဖောင်အတွက် ဝမ်းနည်းနေသေးတာကြောင့် ဟွမ်ကျင်းရွှေပြောတဲ့ စကားကို ကြားတစ်ချက် မကြားတစ်ချက်ဖြင့်သာ။
သတိရ၍ အနားကိုကြည့်လိုက်သောအခါ ဟွမ်ကျင်းရွှေက ရှိမနေချေ။ ချက်ချင်းထကာ လျှောက်ပတ်ရှာကြည့်တော့မှ မနီးမဝေးတွင်ရှိ မီးရောင်ကို လှမ်းမြင်လိုက်ရခြင်း ဖြစ်လေသည်။
"ဒါပေမယ့် ကျင်းကိုကိုက စိတ်ပြောင်းပြီး နောက်တစ်ခါထွက်သွားရင် ဘယ်လိုလုပ်မလဲ....အဲ့ဒီအခါ...."
"ရှူး..... လျှောက်မတွေးနဲ့ မင်းကိုထားပြီး ဘယ်မှမသွားဘူး...."သူမ နည်းနည်းစိတ်ပြေသွားအောင် သူမနဖူးကို အနမ်းတစ်ပွင့် ပေးလိုက်သည်။ ထင်တဲ့အတိုင်း ချက်ချင်းပြုံးသွားသည်။ ထို့နောက် သူမအာရုံက ယဲ့ရှားလုံတို့ကြည့်နေသော ရုပ်ထုကြီးဆီ ရောက်သွားကာ
"အဲ့ဒါ..... နတ်ဆိုးသားရဲလား"
"အင်း....""ရုပ်ထုတောင် ဒီလောက်ကြီးတယ်ပေါ့ "
ရိယုံက ခေါင်းခါ၏။
"ရုပ်ထုမဟုတ်ဘူး...."
"ဟင် ဒါဆိုအစစ်ကြီးလား အကောင်ကြီးလား"လော့လော် အထိတ်တလန့်အော်ရင်း ဟွမ်ကျင်းရွှေနောက် ဝင်ပုန်းသည်။ ရိယုံက ဆက်၏။
"ဘယ်ကလာ.... ဒီကောင်က ကျိန်စာမိနေတာ ကြည့်လိုက်"
ရိယုံသည် သစ်ကိုင်းခြောက်တစ်ခုကို ကောက်လျက် သစ်ရွက်နွယ်အချို့ကို လှန်ပြလိုက်သောအခါ ရုပ်ထုကြီး၏ ခြေထောက်တွင် အမည်းရောင်ကျိန်စာအမှတ် တစ်ခုကို တွေ့ရ၏။ ထိုအခါမှ လော့လော် ပုန်းနေရာမှထွက်လာကာ
"အဲ့ဒါကျိန်စာအမှတ်လား..."
"အင်း....""ပုဖောင်လက်က အမှတ်နဲ့မတူဘူးနော်"
YOU ARE READING
တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)
Historical FictionNormal သိုငျးစာစဥျလေးပါ Normal သိုင်းစာစဉ်လေးပါ