Chapter(245) - လင်မိသားစုသို့အပြန်

4.6K 939 34
                                    

Unicode

အခန်း(၂၄၅) - လင်မိသားစုသို့အပြန်

အကယ်၍လင်ရွှမ်းဇီသာထုန်လဲ့ အခုပြောလိုက်တဲ့စကားကိုကြားရင် အူလှိုက်သည်းလှိုက်ကိုအော်ရယ် လောက်သည်။

သူကအားနည်းတဲ့သူတစ်ယောက် မဟုတ်သလိုတစ်ခြားသူများအလွယ် တကူအနိုင်ကျင့်နိုင်တဲ့သူလည်းမဟုတ် ပေ။အတိတ်ကာလတုန်းကလည်း သူကဒီအတိုင်းရက်စက်ကြမ်းကြုတ်သူတွေသူခိုးတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာဂုဏ်ဝံ့စွာနေပြီးသူတို့အားအထင်အမြင်သေးခြင်းတစ်ခုသာရှိသည်။သူ့ရဲ့အောက်ခြေလိုင်းကိုမထိသ၍သူ့ရဲ့စကားလုံးတွေအင်အားတွေဖြုန်းတီးပြီးစကားများရမှာကိုစိတ်မဝင်စားခြင်းတစ်ခုတည်းသာ။

လင်ရွှမ်းဇီဒီလိုမျိုးနက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့ဓားလေးဖော်ထဲကခေါင်းဆောင်တစ်ယောက်ဖြစ်လာခြင်းသည်သူ့ရဲ့ပါရမီတစ်ခုတည်းကြောင့်သာမဟုတ်ပဲသူ့ကိုယ်ပိုင်အစွမ်းအစများလည်းပါဝင်သည်။

လင်ရွှမ်းဇီကဓားစွဲလမ်းသူဟုပင်ခေါ်ဆို၍ရသည်။သူကကျင့်ကြံခြင်းလမ်းကြောင်းအားဓားလမ်းကြောင်းလောက်စိတ်ဝင်စားခြင်းမရှိခဲ့ပေ။ဓားသည်သာသူ့ရဲ့ဇနီး၊သူ့ရဲ့သားနှင့်သူ့ရဲ့အရာရာတိုင်းဖြစ်သည်။သူ့ရဲ့အချိန်အားလုံးနှင့်အတွေ့အကြုံတိုင်းအားဓားလမ်းကြောင်းများလေ့လာခြင်းအပေါ်မှာသာမြှုပ်နှံထားခဲ့ပြီးခဏလေးတောင်အနားယူမှုမရှိခဲ့ချေ။

ဒါပေမဲ့လင်ရွှမ်းဇီအကြောင်းသိပ်မသိတဲ့ထုန်လဲ့လိုလူတစ်ယောက်ကသူ့ရဲ့လျစ်လျုရှုထားမှုကိုအားနည်းပြီးသရဲဘောကြောင်မှုတစ်ခုအဖြစ်သဘောထားနေမယ်လို့ဘယ်သူကမျှော်လင့်ထားခဲ့မှာလဲ?

အဲ့ဒါကလုံးဝဟာသကြီးပဲ!

တကယ်တော့တုချီရင်းနဲ့လင်ရွှမ်းဇီတို့ကဆရာတစ်ယောက်တည်းရဲ့လက်အောက်မှာသင်ကြားခဲ့ကြတာဖြစ်သောကြောင့်သူကလင်ရွှမ်းဇီနဲ့နေ့တိုင်းထိတွေ့ဆက်ဆံမှုရှိခဲ့ပြီးထုန်လဲ့ထက်စာရင်လင်ရွှမ်းဇီအကြောင်းကိုပိုပြီးနားလည်သည်။

တုချီရင်းပုံစံကဖြူဖျော့ပြီးမရေမရာဖြစ်နေသည်။သူကသွားကိုကြိတ်၍မဲမှောင်နေသောမျက်နှာဖြင့်ပြောလိုက်၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now