Unicode
တုလိန်စစ် အလုပ်ရှာတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီးထဲက သူ့ရဲ့စကားကို အလုပ်နဲ့သက်သေပြတော့သည်
တုလိန်စစ် ပထမဆုံးပြည်တွင်းသတင်းစာဌာနသေးသေးလေးမှာ သတင်းထောက်ရာထူးအတွက် အလုပ်လျှောက်ခဲ့သည် အဲဒါကသူမရဲ့အရင်အလုပ်ဟောင်းဖြစ်ခဲ့တာရော အရင်က အလုပ်အတွေ့အကြုံအရရောကြောင့် အယ်ဒီတာက သူမဒီအလုပ်ပြန်လုပ်တာကို အထူးအဆန်းကြည့်နေခဲ့သည်
ကြည့်ရသလောက် အလုပ်ရခါနီးဆဲဆဲမှာ သူမမျှော်လင့်ထားသလိုဖြစ်မလာဘဲ အယ်ဒီတာက ရုတ်တရက် မျက်မှောင်ကြုတ်လာသည်
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
" မစ္စတုက လက်ထပ်ပြီးသားလား?"
သူမခဏတော့ကြောင်သွားခဲ့တယ် , သူမက မင်္ဂလာဆောင်ပြီးသွားပြီဆိုတဲ့ အမှန်တရားကို အချိန်အတော်ကြာအောင် မေ့နေခဲ့တာပဲ ဒါကြောင့် သူမခေါင်းညိတ့်လိုက်သည်
" ဒါဆို မစ္စတုမှာ ကလေးရောရှိပြီလား?"
ကလေး?? တုလိန်စစ် သူမခေါင်းကို ခါယမ်းလိုက်သည်
အယ်ဒီတာချုပ်က ပိုပိုပြီးမျက်မှောင်ကြုတ်လာပြီး
" တခြားစကားနဲ့ပြောရမယ်ဆိုရင် မစ္စတုက အိမ်ထောင်တော့ကျပြီးပြီ ဒါပေမဲ့ အခုထိ ကလေးမရသေးဘူး .. ဟုတ်တယ်မလား..?"
လက်ထပ်ပြီးသား မိန်းမတစ်ယောက် အလုပ်လျှောက်ရင် ဒီလိုမေးခွန်းတွေကတော့ ဖြေကိုဖြေရမှာပဲ , တုလိန်စစ် ခေါင်းညိတ့်လိုက်ပြီး
" ဟုတ်ပါတယ် "
သူမဖြေပြီးသွားတော့ အယ်ဒီတာချုပ်ရဲ့မျက်နှာက ချက်ချင်းပဲပြောင်းလဲသွားတော့သည် သူမက ခံစားချက်မဲ့စွာ ပြောလာသည်
YOU ARE READING
Can I Not Get Married ?( 可不可以不嫁人 ) [ MM Translation ]
RomanceTitle -( 可不可以不嫁人) Genre -Comedy , Drama , Romance , Shoujo Author -Yi Jin (忆锦) Type - web novel, Boy x Girl Start date - 8.11.2020 All I credit to orginal author.
![Can I Not Get Married ?( 可不可以不嫁人 ) [ MM Translation ]](https://img.wattpad.com/cover/246979942-64-k772431.jpg)