Chapter _ 18

27K 1.8K 112
                                    

Unicode
********

G & S Company ရုံးခန်းထဲတွင်ထိုင်နေသည့်
ဂိုဏ်ရှိန်သွေး ရဲ့စိတ်တို့ကအလုပ်ထဲတွင်ရှိမ
နေ...။ ကောင်လေး ရဲ့သတင်းကိုသာလည်
တဆန့်ဆန့်ဖြင့်မျှော်နေမိသည် ။

** ဒေါက်..ဒေါက် **

" ဝင်ခဲ့ "

ရုံးခန်းထဲကထွက်ပေါ်လာသည့် ဂိုဏ်ရှိန်သွေး
ဲရဲ့အသံကအရင်လိုအားမာန်အပြည့်နဲ့မဟုတ်
တော့ပေ ။ ဒီရက်တွေမှာသေချာအနားယူထား
ခြင်းမရှိတာကြောင့် ဂိုဏ် စိတ်ရောကိုယ်ပါပင်
ပန်းနေချေပြီ ။

" CEO..... ကောင်လေး အကြောင်းစုံစမ်းလို့
ရခဲ့ပြီ "

စားပွဲရှေ့မှာရပ်နေသည့် ဆန်းထူး ဆီကကြား
လိုက်ရတဲ့စကားကြောင့် ဂိုဏ် စိတ်တွေပြန်
လည်လန်းဆန်းသွားရသည် ။

" လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှိုင်းစေ ကို
ကျောင်းသားတစ်ချို့က မဖွယ်မရာပြုကျင့်
ဖို့ကြိုးစားခဲ့ကြတယ်တဲ့ ဒါပေမယ့်အဲ့ဒီကိစ္စ
ကို ကျောင်းအုပ်ကြီးနဲ့ နှောက်ယှက်တဲ့ကျောင်း
သားတွေရဲ့မိဘတွေက ငွေနဲ့ဖုံးပစ်လိုက်ကြ
တယ်လို့သိရတယ် "

ကောင်လေး နဲ့မတွေ့ရတော့တဲ့ဒီရက်တွေက
အခုလိုအဖြစ်မျိုးနဲ့ရင်ဆိုင်နေရလို့တဲ့လား..။
ဂိုဏ် လက်ဖျားတွေတုန်ယင်လာသည်ထိ ဒေါ
သထွက်လာခဲ့သည် ။

" ဒါဆို..အခု ကလေးငယ် ကဘယ်ရောက်နေ
တာလဲ ကလေးငယ် နဲ့ပတ်သက်ပြီး အခုချိန်
ထိကျောင်းကဘာမှမလှုပ်ရှားသေးဘူးဆိုရင်
တော့...အဲ့ကျောင်းကို ငါကိုယ်တိုင်မြေလှန်ပစ်
မယ် "

" မဟုတ်ဘူး CEO .. အဲ့ကျောင်းကို D & M
company ဥက္ကဋ္ဌ လာသောင်းကြမ်းသွားတယ်
တဲ့ ။ အဲ့ဒီကျောင်းသားတွေအကုန်လုံးလဲ
ကျောင်းထုတ်ခံလိုက်ရတယ်..ကျောင်းအုပ်
ကြီးလဲအလုပ်ပြုတ်သွားပြီ "

ဆန်းထူး ပြောလိုက်တဲ့စကားက ဂိုဏ့် စိုးရိမ်
စိတ်ကိုမလျော့ကျစေတဲ့အပြင် ပိုလို့တောင်
စိုးရိမ်စိတ်တွေဖြစ်ပေါ်လာစေသည် ။

" D.M ဥက္ကဋ္ဌ နဲ့ဘယ်လိုပတ်သက်သွားတာလဲ
သေချာစုံစမ်းထားလိုက်.. ပြီးတော့ ကလေး
ငယ် အခုဘယ်ရောက်နေတယ်ဆိုတာကိုလဲ
အမြန်စုံစမ်းလိုက်.."

💞 Eternal Love 💞 { Completed }Where stories live. Discover now