Unicode
တိမ်ယံလွှမ်းတဲ့တောင်🦋50🦋
နောက်ဆုံးတော့ ချင်းချုံးဘုရင်ကြီးမှာ လော့ယွင်ကို နန်းတော်ထဲက ထွက်သွားနိုင်ပြီဖြစ်ကြောင်း လက်ခါပြရတော့သည်။ လော့ယွင်က လက်သီးလက်ဝါးဆုပ်ကာ ဂါဝရပြုနေစဥ် တံခါးဝကနေ တစ်စုံတစ်ယောက်သည် အော်ဟစ်ပြေးဝင်လာလေ၏။
"ကိုကိုကြီး.... "
"လော့လော်...."နန်းတော်ထဲကို အာပေါင်ကျယ်ကြီးနဲ့ ပြေးဝင်ချလာပြီး လော့ယွင်ကို ပြေးဖက်လိုက်တော့သည်။ အစ်ကိုတွေထဲမှာ သူမအပေါ် အလိုလိုက်ဆုံးက လော့ယွင်လေ။ ဘုရင်ကြီးတောင် လော့ယွင်လောက် သူမကိုအလိုမလိုက်ချေ။
လော့လော်က ဘုရင်ကြီးရဲ့ပုလ္လင်ကို တုတ်နဲ့ တက်ရိုက်မယ်ဆိုရင်တောင် သူကထိုင်ကြည့်ပြီး ပြုံးနေမယ့်သူမျိုး ။ အနောက်ကလိုက်လာသော ဟွမ်ကျင်းရွှေက ဘုရင်ကြီးအား ဂါဝရပြုကာ နှုတ်ဆက်လိုက်သည်။ ဘုရင်ကြီးကလည်း ပြန်၍ခေါင်းညိတ်ပြ၏။
"ဟွမ်သခင်လေး..... လမ်းခရီး အဆင်ပြေရဲ့လား"
"အားလုံး အဆင်ပြေပါတယ် ဘုရင်ကြီး....""အင်း...."
လော့လော်က အရှေ့ကိုထွက်လာ၍ ဘုရင်ကြီးအား ဦးညွတ်လိုက်သည်။
"ခမည်းတော်....."
"အဟမ့်.... ငါ့ကိုသတိရသေးတယ်ပေါ့နော်""ခမည်းတော်ကလည်း သတိရလို့ပဲဲ ပြန်ရောက်ရောက်ချင်း ခမည်းတော်ဆီလာတာပေါ့လို့... ဟဲဟဲ အစ်ကိုကြီးကို ဘာလို့ငေါက်နေတာလဲ ဟင်... "
"ဟင့် ဒီကိစ္စမှာ နင်ကကြံရာပါဆိုတာ ငါမသိဘူးထင်နေလား ""အယ်.... အဲ့ဒါက....."
"ဟင့်.... မောင်နှမနှစ်ယောက်လုံး အရမ်းပြောရခက်တယ် ထားတော့.... ပြန်လာပြီဆိုတော့ သွားနားလိုက်ကြအုံး ""ဟုတ်....."
"ဟွမ်သခင်လေး.... စကားခဏပြောချင်တယ်"
"ရပါတယ်"ဟွမ်ကျင်းရွှေက ရသော်လည်း လော့လော်ကတော့ မရပါ။
"စောစောကပဲ သွားနားတော့လို့ ပြောလိုက်တာ မဟုတ်ဘူးလား"
"နင့်ကိုပြောတာ သွား...."
YOU ARE READING
တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)
Historical FictionNormal သိုငျးစာစဥျလေးပါ Normal သိုင်းစာစဉ်လေးပါ