Part 69(unicode)

5.6K 1.1K 85
                                    

Chapter 69;

"ငါက မင်းကို စိတ်ပေါ့ပါးစေချင်တာ။"
ကုဖေးက အနောက်သို့လှည့်သွားပြီး အပြင်
သို့ တစ်ချက်ချောင်းကြည့်လိုက်ပြီးမှကျန်ချန်
ရဲ့ နှုတ်ခမ်းပေါ်သို့ အနမ်းတစ်ပွင့်​ချွေလာ၏။

Mr.Luသည်ကိရိယာပစ္စည်းအသစ်တစ်စုံနှင့်
အခန်းထဲသို့ ပြန်ဝင်လာချိန်တွင် ကုဖေးသည်
အုတ်နံရံကိုမှီ၍ဖုန်းကြည့်နေပြီး ၊ကျန်ချန်က
ကျောမှီကုလားထိုင်ခင်း ပေါ်တွင် ငေးငေးငိုင်
ငိုင်နှင့်ထိုင်နေတာမြင်လိုက်ရသည်။

သို့သော်,တစ်ယောက်ကဘာမှမဖွင့်ထားသည့်
ဖုန်းမျက်နှာပြင်ကိုလျှောက်ထိနေခဲ့တာဖြစ်ပြီး နောက်တစ်ယောက်ကတော့နိုးထလာသည့်နွေ
ဦးအိပ်မက်အားချုပ်တည်းထားဖို့အားကုန်သုံး
ပြီးကြိုးစားနေသည့်သူတို့နှစ်ယောက်ရဲ့အခြေ
အနေကို Mr.Luတွေးမိလိမ့်မည် မဟုတ်ပေ။

Mr.Luက မေးလာသည်။
"ကိုက်ရာပေးပြီးပြီလား ?။"

"အင်း။"
လက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး ကျန်ချန် အနည်းငယ်စိုးရိမ်မိနေသော်လည်း Mr.Lu က
ပါးစပ်ဖွင့်လာလျှင် သူ့ရဲ့နွေဦးနိုးထမှုသည်
မယုံနိုင်အောင် ငုပ်လျှိုး ပျောက်ကွယ်သွားခဲ့၏။
ထိုအခါမှ သူစိတ်သက်သာစွာ သက်ပြင်းမှုတ်
ထုတ်နိုင်၏။ဒါပေမယ့်အောက်ပိုင်းကိုငုံ့ကြည့်မိ
ချိန်တိုင်း သူ မသက်မသာခံစားနေရဆဲပင်။
"အဲ့နေရာက,တက်တူးထိုးလို့ ခက်တယ်
မဟုတ်လား ?။"

" ဘာကိုလဲ ? ပေါင်အတွင်းသားလား ?။"
Mr.Lu က သူ့ကို တစ်ချက်ကြည့်လာသည်။
"ပြသာနာမရှိဘူး။ ငါ့ဖောက်သည်တွေကြောင့်
နေရာတော်တော်များများကို ထိုးပေးဖူးတယ်။
ဒီတစ်ခုကအရင်ဟာတွေနဲ့ ယှဥ်လိုက်ရင်
ပိုတောင်လွယ်သေးတယ်။ "

"ကိုက်ရာက ဝိုင်းရဲ့လား ?။"
သူ့ဘေးမှာ ရပ်နေသည့် ကုဖေးကဝင်မေးလာ
သည်။
"မဝိုင်းသေးရင် , ကျွန်တော် သူ့ရဲ့ပေါင်နောက်တစ်ဖက်ကို ထပ်ကိုက်ပေးလို့ရတယ်။"

"အတော်လေး ဝိုင်းနေပါပြီ ။"
Mr.Lu က ကျန်ချန်ရဲ့ပေါင်ကိုကြည့်လာသည်။
"မင်းမှာ သွားစွယ်ရှိတာလား ?။အစွယ်တွေက
တစ်ထေရာတည်းပဲ။အစွယ်နှစ်ခုရဲ့အချိုင့်နေ
ရာကို ငါ အသည်းပုံ ဖော်ပေးလိုက်ရမလား။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now