Chapter _ 19

25.5K 2K 110
                                    

Unicode
********

ရှိုင်းစေ အစာအိမ်နာနေသေးတာကြောင့်
ခန္ဓာကိုယ်ကပါနေမကောင်းဖြစ်ချင်နေပြီး
မူးဝေနေသည် ။ သူဖြစ်နေတဲ့အခြေအနေ
ကိုသတိထားမိဟန်မတူတဲ့ မေမေလေးက
ကားကိုအအမြန်မောင်းနေပြီး အိမ်ရောက်
တဲ့အခါမှာလည်း ရှိုင်းစေ ကိုကားပေါ်ကဆွဲ
ချလိုက်သည်။

" သွား ရေသွားချိုး နင့်ကိုယ်ကဆေးနံ့တွေ
ချည်းဘဲ အဝတ်စားကောင်းကောင်းဝတ်
လာခဲ့.....ကြားလား "

" ဟုတ်... "

အိမ်ထဲအတင်းထိုးထည့်လိုက်တာကြောင့်ယိုင်
နဲ့သွားတဲ့ခန္ဓာကိုယ်လေးကိုပြန်ထိန်းရင်း ရှိုင်း
စေ ရေချိုးခန်းထဲဝင်ကာရေမြန်မြန်ချိုးလိုက်
သည် ။ ကိုကို ဆင်ထားပေးတဲ့အဝတ်အစား
တွေကိုဘဲပြန်ဝတ်ချင်ပေမယ့် မေမေလေး က
ဆေးနံ့နံတယ်ဆိုတာကြောင့် သူ့အရင်အခန်း
ဟောင်းထဲက Shirt အင်္ကျီအဖြူလေးနဲ့
ဘောင်းဘီအနက်ကိုယူဝတ်လိုက်သည် ။

သူအပြင်ပြန်ထွက်လာတော့ ရှိုက်ကြီးဖိုငယ်
အသွယ်သွယ်ကိုထင်သာမြင်သာရှိစေတဲ့
ခပ်ကြပ်ကြပ်ရင်ပျက်ဂါဝန်အတိုလေးကို
ရတနာမျိုးစုံနဲ့တွဲဝတ်ထားတဲ့ မမလေး သော်
နန်းစံ နှင့် အထက်တန်းစားတစ်ယောက်လို
ကျော့ရှင်းစွာဝတ်စားထားတဲ့ မေမေလေး ကို
တွေ့လိုက်ရသည် ။

" ပြီးပြီလား သွားမယ် "

ရှိုင်းစေ ရဲ့အသွင်ပြင်ကိုတစ်ချက်ကြည့်ပြီး
အိမ်ထဲကထွက်သွားတဲ့ မေမေလေး နောက်
ကို သူခပ်ကုပ်ကုပ်လေးပြေးလိုက်သွားလိုက်
သည် ။ ကားရှေ့ခန်းမှာပျော်ရွှင်စွာစကား
ပြောနေကြသည့် မေမေလေး တို့ကိုတစ်
လှည့်စီငေးကြည့်ရင်း ရှိုင်းစေ တိတ်ဆိတ်နေ
မိသည် ။

" ဆင်းတော့!! "

Moon Hotel ဆိုတဲ့အထပ်မြင့်တိုက်ကြီး
အောက်မှာရပ်လိုက်တဲ့ကားကြောင့် ရှိုင်းစေ
ကားပေါ်ကမြန်မြန်ဆင်းပေးလိုက်သည် ။
ရှိုင်းစေ ကားပေါ်ကဆင်းပြီးတာနဲ့ မေမေလေး
ကကားလာသိမ်းပေးတဲ့ Hotel ဝန်ထမ်းရဲ့
လက်ထဲကိုသော့ပစ်ပေးလိုက်ကာ သူ့ကိုလှည့်
ကြည့်လာသည် ။

" အထဲရောက်ရင် မဟုတ်တဲ့စကားတွေမပြော
နဲ့ဒီတိုင်းထိုင်ပြီး စားစရာရှိတာစားရင်ရပြီ "

💞 Eternal Love 💞 { Completed }Where stories live. Discover now