Cha-10

9K 1.7K 60
                                    

[Unicode]

အဌားကားပေါ်တွင် ယွီချင့်ဟွမ်မှ ​ဟော်ချွီအား မေးမြန်းလိုက်သည်မှာ

“မင်းဘာစားချင်လဲ...ဂွမ်ဒေါင်းအစားအစာ... စီချွမ်အစားအစာလား ဒါမှမဟုတ် အရှေ့တောင်အာရှ အစားအစာလား..ငါက အကုန်အဆင်ပြေတယ်.. မင်းကြိုက်တာတခုရွေး”

​ဟော်ချွီသည် သူ၏နက်မှောင်နေသည့်မျက်လုံးများဖြင့်ရှေ့တူရူကိုသာစိုက်ကြည့်​နေပြီး နေရာမှာတင်တောင့်တောင့်မတ်မတ်ကြီးထိုင်လို့​နေ​လေသည်။

သူဘာတွေတွေးနေတယ်ဆိုတာ မည်သူကမျှမသိနိုင်ပေ။ သူဟာယွီချင့်ဟွမ်စကားလုံးတိုင်းကိုလည်း တုံ့ပြန်​ဖြေကြားခြင်းအလျဥ်းမရှိဖြစ်နေ၏။

ထို့ကြောင့် ယွီချင့်ဟွမ်မှာ မ​နေသာတော့ဘဲ သူ့လက်မောင်းကိုလက်ချောင်းလေးဖြင့် သွားထိုးလိုက်တော့ကာ

“ဟေး ငါဒီမှာ မင်းကိုစကားပြောနေတယ်လေ...”

​ဟော်ချွီမှာ ယုန်သူငယ်လေးတကောင်လို လန့်ဖျန့်သွား၏။ သူ၏တောင့်တင်းနေတဲ့ ခန္ဓာကိုယ်မှာ တုန်ယင်လာပြီး မျက်တောင်ထူထူလေးတွေ
လှုပ်ခတ်လာလို့ အထစ်ထစ်အငေါ့ငေါ့ဖြင့်

“ချင့်..ချင့်ဟွမ်.”

“မင်းအဆင်ပြေရဲ့လား?”

ယွီချင့်ဟွမ်မှာသူ့အနားယိမ်းယိုင်တိုးကပ်သွားပြီး
သူစိုက်ကြည့်နေသည့် အရပ်မျက်နှာကိုလိုက်လံကြည့်ရှုလိုက်သော်လည်း တစ်မူထူးခြား​နေတာ ဘာတခုမှမတွေ့ရပေ။

ထို့နောက်တွင် သူကခေါင်းကိုမော့လို့ ဟော်ချွီကို ကြည့်လိုက်ပြီး

“မင်းဘာလို့ အရမ်းစိတ်လှုပ်ရှားနေပုံပေါက်နေရတာလဲ?”

ယခုချိန်မှာဆောင်းလလယ်ဖြစ်သည်။ ရာသီဥတုမှာတိမ်ထူထပ်ပြီးစွတ်စိုအေးစိမ့်နေသော်လည်း ယွီချင့်ဟွမ်မှာ နေလုံးလေးတစင်းကဲ့သို့ ဖြစ်နေတော့သည်။

သူ၏ဝင်သက်ထွက်သက်လေးများက ဟော်ချွီမျက်နှာပေါ်ကို နွေးထွေးညင်သာစွာ ရိုက်ခတ်နေပုံမှာ နုနယ်လှသော လက်ဖဝါး​သေးသေးလေးတခုဖြင့် သူ့နှလုံးသားကို ယားကျိကျိဖြစ်စေအောင်လုပ်နေသလိုပင်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now