အခန်း (၁)

8.4K 399 61
                                    

{ Unicode Version }

ယခု သလင်းရောက်ရှိ​နေသောနေရာမှာ အစိုးရတက္ကသိုလ်တစ်ခု၏ ကျောင်းဝင်းအတွင်းတွင်ဖြစ်၏။

စိမ်းနုနုမြက်ခင်းပြင်လေးနှင့်ကျောင်းဘောလုံးကွင်း၏ ဘေးတွင်ကပ်လျက်ရှိနေသည့် ကားပါကင်ဧရိယာအတွင်းတွင်လည်းဖြစ်သည်။

သလင်း ခေါ် သလင်းနွေသည် ဤတက္ကသိုလ်မှ လေ့လာရေးခရီးတွင် လမ်းညွှန်တစ်ယောက်အဖြစ်လိုက်သွားရပေမည်။

ကားပါကင်ဧရိယာအတွင်း  ရပ်ထားသည့် expressကား နှစ်စီးပေါ်တွင်လည်း ကျောင်းသား၊ကျောင်းသူများဖြင့် ပြည့်နှက်နေလေပြီ။

သို့သော် ထိုကားနှစ်စီးလုံး ကျောင်းဝင်းအတွင်းမှ တစ်လိမ့်မှပင် မလိမ့်ရသေးပေ။

လေ့လာရေးခရီးစဥ်တွင် လိုက်ပါမည့်ကျောင်းသားတွေထဲမှ ကျောင်းသားတစ်ဦးရောက်မလားသေး၍ဖြစ်သည်။

ကျောင်းသား၊ကျောင်းသူတွေထံမှလည်း ကျွတ်စီကျွတ်စီအသံများလည်း ထွက်နေကြပြီး သလင်းသည်း ကားပြတင်းမှတဆင့် အပြင်ဘက်သို့သာ အာရုံစုထားလိုက်၏။

Ringtone!!

ကား၏ နောက်ဆုံးခုံတွင် ထိုင်နေသည့် သလင်းသည် ဘေးအိတ်ထဲမှ ဖုန်းကိုထုတ်ကြည့်လိုက်တော့ ဖုန်းဆက်လာသူမှာ သူ့ရဲ့လုပ်ငန်းရှင်သူဌေးဖြစ်သည်။

"ဟယ်လို၊ ကိုဘုန်း''

" --------- ''

" ဟုတ် အားလုံးအဆင်ပြေပါတယ်၊ အခုတော့ ကလေးတစ်ယောက်မရောက်သေးလို့ စောင့်နေတာ ''

" --------- ''

" စိတ်ချပါဗျာ၊ ကျွန်တော်က ခရီးသွားနေကျပါ၊ အခုမှ ပထမဆုံးသွားမှာမဟုတ်ဘူးလေ၊ စိတ်ချပါ ''

" ---------- ''

'' ဟုတ်ကဲ့ပါ၊ နားလည်ပါတယ်၊ ဒါပဲနော် ကိုဘုန်း ''

ဖုန်းချပြီးသွားတော့ သလင်း လက်မှနာရီအား ကြည့်လိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်မိ၏။

၈နာရီခွဲထွက်ခွာပါမည်ဆိုသည့် ခရီးသည် ယခု၉နာရီပင်ထိုးနေပြီဖြစ်သည်။ သို့သော် အခုထိမထွက်ရသေး။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now