🦋54🦋

478 70 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋54🦋

"ဘာကိုပြောချင်တာလဲ"
"တကယ်တော့ ကျားဝါအဖိုးကြီးက အဖိုးလက်ထက်ကတည်းက ရှိခဲ့တာ.... သူကလုံးဝအသက်မကြီးသွားဘူး"

"ကြည့်ရတာ သူက နတ်ဘုရားအဆင့် ရောက်သွားပြီထင်တယ်"
"အဲ့တာတော့ လော့လော်လည်း မပြောတတ်ဘူး.... သူကရိယုံကို ခွန်အားကိုဝါးမျိုသူ ကျင့်စဥ်ကို ထုတ်ပေးခဲ့တယ်ဆိုရင် သူကလည်းအဲ့ဒီကျင့်စဥ်ကို တက်ကျွမ်းနေသူပေါ့ အဲ့တာဆို ပုဖောင်ရဲ့ကျိန်စာအမှတ်က သေချာပေါက် သူ့လက်ချက်ပဲဖြစ်မှာ"

"အင်း....."
"ပြီးတော့.... ကျင်းကိုကိုပြောမှ သတိရသွား​တာရှိတယ် အဲ့တာက ကျားဝါအဖိုးကြီးနဲ့ မယ်တော်ရဲ့ဆက်ဆံရေး...."

"သူတို့က ဘယ်လိုဆက်ဆံရေးရှိတာလဲ"
"သူ.... သူတို့က ဟဲဟဲ.... သူတို့က"

"ငယ်ချစ်ဦးတွေလား...."
"အဲ....."

       လော့လော် ဟွမ်ကျင်းရွှေပါးစပ်ကို လက်ဝါးသုံးကာ ပြေးပိတ်ရသည်။

"တိုးတိုးပြောပါ..."
"ဒီနားမှာ ဘယ်သူမှမရှိဘူး"

"ဟုတ်တယ်....ကျင်းကိုကို ပြောသလိုပဲ... အကယ်၍ ကျားဝါအဖိုးကြီးက ကိုယ်ရေးကိုယ်တာ အငြိုးကြောင့် ခမည်းတော်ကို တိုက်ခိုက်ချင်တယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်မှာ မဟုတ်ဘူး... သူကခမည်းတော်ကို မနိုင်ဘူးလေ.... အဲ့တာကြောင့် သူအစ်ကိုကြီးအနားကို ချဥ်းကပ်ခဲ့တာဖြစ်မယ်"
"အင်း.... ကိုယ်ရေးကိုယ်တာ အငြိုး?"

"မကြာသေးခင်က ယွိယွိသတင်းပို့တယ်.... ကျားဝါအဖိုးကြီးရဲ့ လှုပ်ရှားမှုတွေ တွေ့တယ်တဲ့... "
"ဘယ်မှာလဲ"

"ဒီနေရာမှာပဲ...."
"ဘာလို့စောစောစီးစီး မပြောတာလဲ"

       ဟွမ်ကျင်းရွှေက ထွက်သွားနေပြီ ။ လော့လော်သည် ဟွမ်ကျင်းရွှေလက်ကို အမြန်ပြေးဆွဲရင်း အနောက်ကို ပြန်လာခိုင်းရသည်။

"မသွားနဲ့အုံး.... ကျားဝါအဖိုးကြီး.... ရှီချိုး ပြန်မွေးဖွားလာတာ.... နောက်ပြီး ဦးလေးဟွမ် မြေပုံကိုဆက်ခဲ့ပြီး ဒေါ်လေးနဲ့ကျင်းကိုကိုအတွက် ချန်ထားခဲ့တာတွေ.... အသက်စွမ်းအင် စတေးခံရတာတွေ အဲ့တာတွေအားလုံးကို တွေးကြည့်လိုက်ရင် ဆက်စပ်နေမယ်လို့ မထင်ဘူးလား"

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now