🦋55🦋

469 66 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋55🦋

       တောထဲကို ရောက်လာခဲ့ပြီ။ သူတောင်းစားမှာ အမူးပြေတဲ့ပုံ မပေါ်သေးပေ။ ထို့ကြောင့် ဟွမ်ကျင်းရွှေသည် သူပြုလုပ်ထားသော အစီအရင်ကိုရုပ်သိမ်း၍ သူတောင်းစားကို ကြိုးဝါတစ်ချောင်းဖြင့် တုပ်နှောင်ထားလိုက်သည်။ သူသုံးတဲ့ကြိုးက ဖခင် ဟွမ်ကျူးကုံ သူ့အတွက် ထားပေးခဲ့တဲ့ တစ်ခုတည်းသော လက်နက်ဖြစ်သည်။

       လော့လော်သည် သိဒ္ဓိစွမ်းအင်ဖြင့် ရေကိုဆင့်ခေါ်ကာ သူတောင်းစားအား ရေဖြင့်ပတ်ပစ်တော့သည်။

'ဗွမ်း.....'

"အား..... အဟွတ် အဟွတ် "

"နိုးပြီလား...."
"မင်း.... မင်းကဘယ်သူလဲ ငါ့ကိုမလေးမစားလုပ်ရဲတယ်"

       လော့လော်သည်သာမက ဟွမ်ကျင်းရွှေလည်း ထိုစကားကိုကြားတော့ တစ်ယောက်ကိုတစ်ယောက် ငေးကြောင်ကြည့်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် စောစောက သေရည်ဆိုင်မှာပြောခဲ့သော လေသံနဲ့ မတူတော့သောကြောင့်ပင်။

      ရေစက်များကြောင့် ရှုပ်ထွေးသွားတဲ့ ဆံပင်တွေကို ခေါင်းကိုအသုံးပြုပြီး ခါထုတ်နေသည့် သူတောင်းစားရှေ့ကို လော့လော် ဒူးညွတ်ထိုင်လိုက်သည်။

"ကျားဝါအဖိုး...."

       ခေါင်းတွေခါနေတဲ့သူလည်း ရပ်သွား၏။ သူကဇတ်ဆို ခေါင်းထောင်ကြည့်တော့ သူ့အားစူးစိုက်ကြည့်နေတဲ့ လော့လော်နဲ့ မျက်လုံးချင်းဆုံသွားသည်။ သူတောင်းစားသည် ပထမတော့ ငြိမ်သက်နေ၏။

       ပြီးမှ တဖြည်းဖြည်း မျက်လုံးအရောင်တို့က တောက်ပလာကာ လော့လော့်ကို အပြုံးမျက်လုံးဖြင့် စိုက်ကြည့်လာသည်။ ထို့နောက် သူတို့တစ်ပြိုင်တည်း ပြောကြ၏။

"သ..."
"ပုဖောင်ကိုသတ်တာ ရှင်လား...."

       လော့လော်သည် ကလေးဆန်သော မျက်ဝန်းတို့ ကွယ်ပျောက်ကာ လေးလေးနက်နက် စိုက်ကြည့်ကာမေးလိုက်သည်။ ဟွမ်ကျင်းရွှေက သူမဘေးတွင် မတ်တပ်ရပ်လျက် အခြေအနေကို စောင့်ကြည့်ပေးနေ၏။ တစ်ဖက်လူသာ တိုက်ခိုက်လာပါက သူ့ဘက်ကလည်း တုံ့ပြန်ဖို့ အသင့်အနေအထားမျိုးပင်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now