Chapter _ 21

25.8K 1.8K 37
                                    

Unicode
********

" မေမေ!... မေမေ! "

နောက်ကနေ ကျားလိုက်သလိုပရမ်းပတာ
ဖြင့်အခန်းထဲပြေးဝင်လာတဲ့ သမီးဖြစ်သူ
သော်နန်းစံ ကြောင့် ဒေါ်စိုးနန်းစံ နှုတ်ခမ်း
နီဆိုးနေရာကလက်ချော်သွားရသည် ။

" ဟဲ့..ဘာဖြစ်လာတာလဲ..ချွေးတွေလဲရွဲလို့
ပါလား မိန်းကလေးဖြစ်ပြီး အေးအေးဆေး
ဆေးကို​မရှိဘူး "

" မေမေ ဒီလိုလုပ်ရမယ့်အချိန်မဟုတ်ဘူး.."

ပူပင်သောကရောက်နေတဲ့ သော်နန်းစံ က
သူမအမေကိုအချိန်ယူပြီးမရှင်းပြနိုင်တော့ ။
အမေဖြစ်သူကို မှန်တင်ခုံရှေ့ကအတင်းဆွဲ
ထူကာအခန်းပြင်ဆွဲထုတ်လာခဲ့သည် ။

" အချိန်ဆွဲနေလို့မရတော့ဘူး ေမမေ
ကိုကြီး ကိုဆေးမှုနဲ့ဖမ်းထားတယ်တဲ့..
အခု အချုပ်ထဲရောက်နေပြီ "

" ဟမ်...ဘာ..ဘာပြောတယ် အချုပ်တဲ့လား "

" ဟုတ်တယ်...ဟုတ်တယ်..ဘယ်သူသတင်း
ပေးလိုက်လဲမသိဘူး...အချုပ်ထဲရောက်
နေပြီ မြန်မြန်လိုက်သွားရအောင် "

သားဖြစ်သူအချုပ်ထဲရောက်နေပြီဆိုတာ
သိရတော့မှ ဒေါ်စိုးနန်းစံ ထူပူပြီးကားပေါ်
ပြေးတက်တော့သည် ။ သားဇောနဲ့ပူပင်
သောကရောက်ေနတဲ့ ဒေါ်စိုးနန်းစံ က ဆူ
ညံနေအောင်ဝင်နေတဲ့ဖုန်းတွေကိုကိုင်ဖို့
လည်းအသိမရှိပေ ။

သော်နန်းစံ ကကားကိုစခန်းရှေ့ရပ်လိုက်
တာနဲ့ ဒေါ်စိုးနန်းစံ ကားပေါ်ကအမြန်ဆင်း
ကာအချုပ်ခန်းရှိရာကိုပြေးသွားခဲ့သည်။
( A/N ဒီနားမှာ AirLi ကစခန်းအကြောင်း
သိပ်မသိလို့ ဒါဒါလေးတွေနားလည်ပေးပါ)

အချုပ်ခန်းထဲက သံတိုင်အနောက်ဘက်
မှာဒူးပိုက်ပြီးငိုင်နေတဲ့ နေစစ် ကအသက်
တောင်ရှူနေရဲ့လားမသိ...ငြိမ်ကုပ်လို့ ။
သားဖြစ်သူကိုမြင်တာနဲ့ ဒေါ်စိုးနန်းစံ ချုံး
ပွဲချငိုကြွေးတော့သည် ။ သူ(မ)သားကနည်း
နည်းလေးမလိမ္မာရုံလေးပါ ။ ဒီလောက်ကြီး
အပြစ်ပေးခံရတာမဖြစ်သင့်တဲ့ကိစ္စဘဲ..။

" သား...နေစစ် အမလေး ငါ့သားလူလိမ္မာ
လေးကို... "

" မေမေ!..."

💞 Eternal Love 💞 { Completed }Where stories live. Discover now