🦋59🦋

478 61 2
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋59🦋

"နင်ပြန်လာပြီပေါ့"
"တောင်းပန်ပါတယ်... သူကမင်းအဖေအရင်းဆိုတာ ငါမသိခဲ့ဘူး"

"မဟုတ်ဘူး.... နင်မမှားဘူး နင်သူ့ကိုမသတ်ခဲ့ဖူးလေ"
"နင်အခု ဘာလုပ်နေတာလဲ "

       ယဲ့ရှားလုံက စားပွဲတွင် ချထားသော စာအုပ်ကို လှမ်းချောင်းကြည့်၏။

"ဟွမ်ကျင်းရွှေအတွက်ပဲလား...."
"ဟဲဟဲ... အင်း...."

"သူကော...."
"ဟုန်ကျင်းချင်ဂိုဏ်းကို သွားတယ်... သူ့ရဲ့နှလုံးသွေးကတော့ ထုတ်လို့မဖြစ်တော့ဘူးဆိုတာ သေချာသွားပြီ... ငါတစ်ခုစဥ်းစားမိတာ ရှိတယ် "

"ဘာလဲ...."
"ကျင်းကိုကိုက နတ်ဆိုးသားရဲသွေးကြောင့် အသက်ဆက်နိုင်ခဲ့တာဆိုရင် ငါလည်း နတ်ဆိုးသားရဲသွေးကို ယူလိုက်ရင် အသက်ရှင်နိုင်မယ်ထင်တယ်"

"ရူးနေလား...."

       အငေါက်ခံရတော့ နှုတ်ခမ်းဆူသွားသည်။ နတ်ဆိုးသားရဲ စာအုပ်က ထိုနတ်ဆိုး၏ နေထိုင်ပုံ၊ စားသောက်ပုံ၊ စွမ်းအားနဲ့ ဆင့်ခေါ်လျှင် ဖြစ်လာမည့် အကျိုးဆက်များအကြောင်းကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဖော်ပြထား၏။

       လော့လော် သူမတွင်ပါလာသော ကံကြမ္မာနိမိတ်အကြောင်းကို သိပြီးနောက်ပိုင်း အသက်ရှင်ဖို့ရန်အတွက် စိတ်ဓာတ်ကျခဲ့ဖူးသည်။ မိသာစုရှိသေးသည်ဟူသော အတွေးကြောင့်သာ ဒြင်စင်တစ်ခုကို ခြေဖျက်ပစ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

        နောက်ပိုင်း ဟွမ်ကျင်းရွှေအပေါ် ခံစားချက်ရှိလာတဲ့အခါ ဟွမ်ကျင်းရွှေအတွက်ပါ ထည့်တွေးလာမိသည်။ သို့သော် အဘယ်သူက သူမအသက်ကို ကယ်တင်ပေးနိုင်မှာတဲ့လဲ။ သူမစာအုပ်ပုံပေါ် မှောက်အိပ်ပစ်လေသည်။

"ခက်ခဲလိုက်တာ......."

       ယဲ့ရှားလုံက သူမဘေးတွင် ဝင်ထိုင်၏။

"ကျားဝါအဖိုးကြီးက ငါ့ကိုပြောတယ်.... မင်းကိုရခဲ့တယ်ဆိုတာက သူနဲ့မိဖုရားခေါင် မတော်တဆ မှားခဲ့တာကြောင့်တဲ့..."
"သိသားပဲ...."

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now