ဘယ်သူ့ ကောင်လေးလဲ

2.8K 261 20
                                    

#Uni

"ရောက်ပြီ...ချီ  ''

"ဟင်....ဝါး.... ​ရောက်ပြီလား ''

အိမ်တောင်ပြန်ရောက်လာပြီကို... ကားထဲစကားတွေပြောနေပေမဲ့ နည်းနည်းကစားထားတာများလို့ အိပ်ငိုက်သွားတယ်...ဂျက်ဆင်က ပခုံးလှုပ်နှိုးမှ နိုးလာပြီး ခါးပတ်ကိုဖြုတ်ပေမဲ့

"အာ.. ဘာလို့ကျပ်နေတာလဲ...''

"ခနလေး...ခါးပတ် ကြိုးအိမ်ကတစ်ခုခုနဲ့ခံနေတာထင်တယ်..''

ဘာမှတောင်မပြောပြဘဲ ခါးပတ်ကြိုးကိုလာဆွဲတော့ မသိရင် ငါလေးကို လှမ်းနမ်းနေသလိုမျိုး အဝေးကကြည့်ရင် ထင်ရလောက်တယ်... တကယ်လဲ သူ့မျက်နှာနဲ့ ငါလေးမျက်နှာက လက်တစ်ထွာလောက်တောင်မဝေးတော့တာမို့...

"ချီ...''

"ဟင်...''

ရင်ခုန်လားမေးရင် အနေရခက်တယ်...ကလေးနဲ့တော့ နီးနီးကပ်ကပ်နေဖူး​ပေမဲ့ ခုဂျက်ဆင်နဲ့ ခုလိုနီးကပ်​နေတာကျတော့ ရင်မခုန်ပေမဲ့ အနေရခက်တယ်

ဂျက်ဆင်က ငါ​လေးမျက်နှာကိုကြည့်နေရင်း သူ့မျက်လုံးက တမျိုးဖြစ်သွားသလိုပဲ... ​တခါတလေ ကလေးရဲ့အကြည့်တွေနဲ့တောင် တချက်တချက်တူနေသလိုလို

"ရပြီ...ကြိုး ခေါက်နေလို့..''

ငါလေးကို ခါးပတ်ဖြုတ်ပေးရင်း ပြုံးပြနေတော့ ယောင်ရမ်းပြီး ​ပြန်ပြုံးပြလိုက်မိတယ်...နောက်ကားပေါ်ကဆင်းနေတုန်း သူပါလိုက်ဆင်းနေတာကြောင့်

"ဟို...မနက်ဖြန််ဘယ်နှနာရီသွားမှာလဲ...ငါ..''

"မလာနဲ့...''

"ဟင်...''

ဂျက်ဆင်က ကောင်းကင်ကလမင်း​ကြီးကိုမော့ကြည့်ပြီး ငါ​လေးကို​ကျောပေးရင်း..

"ချီသာ လာမယ်ဆို... ကိုယ်သွားနိုင်မှာမဟုတ်ဘူး..''

"...''

"အဲ့တာကြောင့် ကိုယ့်ကိုပေးထါးတဲ့ ကတိတည်ရမယ်နော်...ကိုယ်ကသွားရင် ဖုန်းလဲမဆက်နိုင်သလို ချီကို စာလဲမရေးန်ိုင်ဘူး...ကိုယ်အရမ်းကြိုးစား​ပြီး ပြန်လာတဲ့အခါကျရင်တော့ တကယ့်အကောင်းဆုံးလူသားအဖြစ် ချီအနားပြန်လာခဲ့မယ်...''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now