Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု

4.3K 876 23
                                    

Unicode

အခန်း(၂၄၇) - မိခင်နဲ့သားကြားကကွဲလွဲမှု

ဖုန်ကျင်းယွီကထိုစကားကိုကြားသည့်အခါပေါက်ကွဲတော့သည်။

"'ကောင်းကင်ဘုံကတွဲဖက်ပေးတယ်'ဆိုတဲ့စကားမျိုးမပြောစမ်းပါနဲ့!အကယ်၍သာမင်းအဲ့ဒီစကားကိုအပြင်ဘက်မှာကြုံသလိုပြောလိုက်မယ်ဆိုရင်သေအောင်အရိုက်ခံရလိမ့်မယ်..အဲ့ဒီယွမ်ထျန်းဝမ်ဆိုတဲ့သူကလည်းမင်းကိုသေချာပေါက်ဆူလိမ့်မယ်"

ယန်ထျန်းဟန်ကထိုအကြောင်းကိုခဏတာစဉ်းစားလိုက်ပြီးတွန့်ဆုတ်တွန့်ဆုတ်နဲ့ပြောလာသည်။

"ဒါဆိုဒီလိုဆိုရင်ရော........မကောင်းတဲ့အပိုင်းနှစ်ခုအတူတူတွဲထားတယ်?ပူးပေါင်းကြံစည်တယ်?လူလိမ်နှစ်ယောက်ပေါင်းတယ်?စိတ်တူသဘောတူ?အိုး,ဘယ်လိုပဲဖြစ်ဖြစ်အကုန်နီးပါးကအတူတူလောက်ပဲ,ဒီအတိုင်းတစ်ခုရွေးလိုက်"

ဖုန်ကျင်းယွီ: "...."

ဖုန်ကျင်းယွီကအပြုံးကြီးတစ်ခုပြုံးလေသည်။

"အားဟန်ရေ,အားဟန်မင်းကအရမ်းကိုအရည်အချင်းရှိတာပဲနော်မင်းရဲ့အကိုကြီးရောသိရဲ့လား?"

"သူအခုဆိုသိလောက်ပြီပေါ့" ယန်ထျန်းဟန်ကရှက်ရွံ့မှုတစ်ချို့ဖြင့်သူ့နှာခေါင်းကိုထိလိုက်ပြီးပြုံးလိုက်သည်။
"မင်းလည်းငါကအရည်အချင်းရှိပြီးထက်မြက်တယ်လို့ထင်တာလား?"

ဖုန်ကျင်းယွီကပြောသည်။

"အင်း,အင်းသေချာတာပေါ့"
ယန်ထျန်းဟန်ကလုံးဝကိုသေချာနေရအောင်အဲ့ဒီသောက်ယုံကြည်ချက်ကြီးဘယ်ကရလာတာလဲဟ?

ဖုန်ကျင်းယွီကသူ့ကိစ္စများကိုပေါ့ပေါ့ပါးပါးသာပြောနေသော်လည်းအနောက်ဘက်မြေကဒီလိုမျိုးနှစ်ပေါင်းများစွာငြိမ်းချမ်းမှုကိုတိကျစွာထိန်းသိမ်းထားနိုင်ခြင်းကငှက်များရဲ့ဘုရင်ဖီးနစ်ငှက်ရဲ့တည်ရှိမှုကြောင့်ဆိုတာကိုလင်ရွှမ်းဇီသိထားသည်။

အကယ်၍ဖုန်ကျင်းယွီရဲပျောက်ဆုံးမှုသတင်းသို့မဟုတ်သေဆုံးမှုသတင်းသာပေါ်သွားပါကအနောက်ဘက်မြေတစ်ခုလုံးသေချာပေါက်အနှေးနဲ့အမြန်ပရမ်းပတာဖြစ်သွားလိမ့်မည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now