🦋63🦋

480 73 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋63🦋

        သူတို့ထွက်သွားပြီးနောက် ဟွမ်ကျင်းရွှေတို့လည်း ဓားပျံကိုယ်စီဖြင့် ပျံသန်းရန်အပြင် လိုင်မုန်တို့လည်း ရောက်ရှိလာကြ၏။ လိုင်မုန် ၊ ဟိုင်ယူနှင့် ရွမ်နျန်းတို့ပင် ဖြစ်သည်။

       လိုင်မုန်လာသည်နှင့် ရိယုံက ယဲ့ရှားလုံကို သူ့ခန္ဓာကိုယ်နဲ့ ကာပေးထားသည်။

"ဘာလုပ်တာလဲ"
"မင်းတို့ရန်ဖြစ်မှာစိုးလို့လေ"

"ငါသူ့ကိုတိုက်နိုင်တယ်...."
"ငါသိပါတယ် ငါ့နောက်မှာပဲနေ"

"ကောင်းသားပဲ... ဓားလာလည်း နင်ပဲဝင်ကာနေလိုက်"

       ရိယုံကတော့ ထိုစကားအပေါ် ပြန်မချေပဘဲ ပြုံးသာပြုံးနေလိုက်၏။ လိုင်မုန်က ဟွမ်ကျင်းရွှေကို တစ်ချက်သာလှည့်ကြည့်ပြီး ဟိုင်ယူနဲ့အတူ ထွက်သွားသည်။ ရွမ်နျန်းကတော့ ဓားပျံကိုရပ်ကာ ဂါဝရပြုလိုက်သေးသည်။

"ဟွမ်သခင်လေး....."
"အင်း....."

       ဟွမ်ကျင်းရွှေက နတ်ဆိုးသားရဲတစ်ပိုင်းပဲ ဖြစ်နေပါစေ ထိုသူက သူမလေးစားခဲ့ရတဲ့ သူတစ်ယောက်ပင်။ သူမ ဟွမ်ကျင်းရွှေကို ယုံကြည်သည့်အတွက် တွေ့တိုင်း လျစ်လျူမရှူနိုင်။

"သခင်လေး..... ဒီကိစ္စက "
"မင်းမယုံဘူးမဟုတ်လား.... သက်သေထွက်လာတဲ့အခါမှ ကြည့်တာပေါ့... "

"ဟုတ်ကဲ့ "

       သူတို့တွေ ဓားပျံဖြင့် တောင်တန်းကြီးဆီသို့ ထွက်လာခဲ့၏။ ထိုတောင်တန်းကြီး၏ အနောက်တွင် ယခင်က ပထမဆုံးသော ကျင့်ကြံသူတို့စျေးကွက် ရှိခဲ့ဖူးပြီး ထိုအခါတုန်းကတော့ စျေးကွက်ငယ်လေးသာဖြစ်ကာ စျေးကွက်ဘေးအနီးတွင် ရွာတစ်ရွာလည်း ရှိခဲ့သည်။

       အသက်တွေ စတေးခံလိုက်ရတာဟာလည်း ထိုရွာပဲဖြစ်ပြီး အသက်စွမ်းအင်တွေ စုပ်ယူခံရစဥ် မိစ္ဆာများစွာဟာလည်း ထိုအခွင့်အရေးကို အသုံးချကာ လူသားတွေ၏ခန္ဓာကိုယ်ကို လုယူဖို့အတွက် ရောက်လာခဲ့ကြသည်။ ထို့အတွက်ကြောင့် မိစ္ဆာနဲ့ကျင့်ကြံသူတွေရဲ့ စစ်ပွဲကြီးဖြစ်လာခဲ့တာ ဖြစ်လေ၏။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now