🦋64🦋

549 75 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋64🦋

"ဒီစည်းကို ဖျက်လိုက်ရင် ​မြေအောက်ကဝိညာဥ်တွေ ထွက်လာတော့မှာ... "
"ဒါဆိုအမေက အဲ့ထဲမှာပဲ နေတော့မလို့လား"

"တောင်းပန်ပါတယ်.... ကျင်းအာ အမေတောင်းပန်ပါတယ် ငါ့သားက အရွယ်တောင်ရောက်လာပြီ နှစ်တွေတော်တော်ကြာသွားပြီပဲ.... "
"ကျွန်တော့်အသက် ၂၉ရှိပြီအမေ... အမေထွက်သွားတာ ၁၅နှစ်ကျော်သွားပြီ "

"အမေ တောင်းပန်ပါတယ်ကွယ်...."

       ထိုစဥ် ရွမ်နျန်းက အပြေးတစ်ပိုင်းနဲ့ ရောက်လာကာ

"အကြီးအကဲနွီ..... အသက်ရှင်သေးတယ်?... အကြီးအကဲ ဘယ်သူက အကြီးအကဲကို ဒီအောက်မှာချုပ်ခဲ့တာလဲ..."

       နွီအော်သည် ဟွမ်ကျင်းရွှေကို တားမြစ်ရန်အတွက် မတ်တပ်ထရပ်မိပြီးသား ဖြစ်သည်။ သူမမျက်ဝန်းသည် မျက်ရည်စတွေကြောင့် နီရဲကျိန်းစပ်နေချေပြီ။ သူမသည် အားလုံး၏အနောက်ဘက်တွင်ရှိ လေထုထဲကို လက်ညှိုးထိုးပြလာတော့ အားလုံး၏အာရုံကလည်း ထိုနေရာသို့ ရောက်ရှိသွား၏။

       ပါးစပ်အဟောင်းသားဖြင့် ထပ်မံဆွံအသွားရပြန်သည်။ ထိုနေရာမှာ ရပ်နေသူသည် နေမင်းအလင်းဓား၏ သခင် ဟုန်ကျင်းချင်ဂိုဏ်းချုပ်ပင် ။ သူသည် သက်ပျင်းချ၍ ဟွမ်ကျင်းရွှေကို ကြည့်လိုက်သည်။

"ကျင်းရွှေ..... မင်းတကယ် ငြိမ်ငြိမ်မနေနိုင်ဘူးပဲ...."

        ဟွမ်ကျင်းရွှေက ရှေ့တက်လာကာ

"ဒီနေရာမှာ ခင်ဗျားအမေဆိုရင်ကော ခင်ဗျားငြိမ်နေမှာလား"

       ချင်ဂိုဏ်းချုပ် မျက်နှာကွက်ခနဲ ပျက်သွား၏။ ထိုအချိန်တွင် ဖခင်အတွက် လက်စားချေချင်စိတ်ပြင်းပြနေသော ရှမ်မေ့သည် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ချင်ဂိုဏ်းချုပ်ကို ပြေးတိုက်လေတော့သည်။

       ချင်ဂိုဏ်းချုပ်က သူမကိုတစ်ချက်ကာ ရိုက်ထုတ်ပစ်၏။

'ဝုန်း.....'

'ဖူး......'

       ကျင့်ကြံခြင်းလောကရဲ့ ထိပ်သီးဂိုဏ်းချုပ်တစ်ယောက်ကို သူမအနေနဲ့ အဘယ်သို့များ တိုက်ခိုက်နိုင်ပါ့မလဲ။ တစ်ချက်အရိုက်ခံရပြီးနောက် ရှမ်မေ့ မထနိုင်တော့ပေ။ ချင်ဂိုဏ်းချုပ်၏ လက်စကိုမြင်သောအခါ ကျင့်ကြံသူများလည်း တဖြည်းဖြည်း နောက်ဆုတ်ကုန်သည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now