Part 11

19K 534 36
                                    

Unicode

"အာားး"

နောက်ကနေဖမ်းဆွဲလိုက်တဲ့လက်ကြောင့် ကြာဖြူလန့်ပြီး အော်လိုက်မိသည်။

"ဘာလဲ လန့်သွားတာလား ဘယ်ကိုထွက်ပြေးမလို့လဲ"

"မမလေး ကျွန်မကိုလွှတ်ပေးပါနော်"

"လွှတ်ပေးစေချင်ရင် ကလေးကိုဖျက်ချလိုက်"

"အဲ့ဒါတော့မလုပ်နိုင်ပါဘူးမမလေး ဘယ်အမေကကိုယ့်ကလေးကိုဖျက်ချလို့လဲ"

"အဲ့ဒါဆိုလည်းမတတ်နိုင်ဘူးလေ အတင်းလုပ်ရုံကလွဲပြီး"

"မမလေး ဘာလုပ်မလို့လဲ"

"အခုလိုတွေဖြစ်တာနင့်မျက်နှာကြောင့် အဲ့တော့နင့်မျက်နှာကိုဖျက်စီးပစ်မယ်"

ဒေါ်နှင်းသက်မှုန်လက်ထဲကပုလင်းကိုမြှောက်လိုက်ပြီး

"အဲ့ဒါဘာလဲ မမလေး"

"အက်စစ်"

ပြောပြီး ကြာဖြူ့မျက်နှာကိုပက်ဖို့လုပ်သည်။

ကြာဖြူကလည်းပုလင်းကိုလက်နဲ့ကာဆွဲလုပြီး နှစ်ယောက်သားလှေကားထိပ်မှာဆွဲလားရမ်းလားဖြစ်နေတော့၏။

"လွှတ် လွှတ် ငါနင့်မျက်နှာကိုဖျက်စီးပစ်မှာ လွှတ်"

"မလုပ်ပါနဲ့ မလုပ်ပါနဲ့ မမလေး မလုပ်ပါနဲ့"

"အာာာာားးးးးး"

နှစ်ယောက်သားဆွဲလားရမ်းလားဖြစ်နေရင်းကြာဖြူ့ကိုဒေါ်နှင်းသက်မှုန်အက်စစ်နဲ့ပက်မိပြီး အစက်တွေကဒေါ်နှင်းသက်မှုန်လက်ကိုလာမှန်သည်။

"အာား"

လက်ကလည်းစပ်ပြီးကြာဖြူ့ကိုလှေကားပေါ်ကတွန်းသလိုဖြစ်ကာ ကြာဖြူလှေကားပေါ်ကပြုတ်ကြသွား၏။

"ဘုန်း ဘုန်း ဘုန်း"

သွေးအိုင်ထဲမှာလဲကျနေတဲ့ကြာဖြူ။ ‌မျက်နှာကလည်း အက်စစ်လောင်ထားတာကြောင့် သွေးတွေနှင့်။

"မဟုတ်ဘူး မဟုတ်ဘူး ငါလုပ်တာမဟုတ်ဘူး မဟုတ်ဘူးးးးး"

ဒေါ်နှင်းသက်မှုန်တစ်ယောက်ထိတ်လန့်ပြီး နေရာမှာတင်သွေးရူးသွေးတန်းဖြစ်ကာတောင့်တောင့်ကြီးရပ်နေမိ၏။

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now