Chapter(248) - သေတာတောင်နောင်တမရဘူး

4.3K 939 51
                                    

Unicode

အခန်း(၂၄၈) - သေတာတောင်နောင်တမရဘူး

ပိုင်သခင်မကမာနကြီးပြီးထောင်လွှားတတ်သောအမျိုးသမီးတစ်ယောက်ဖြစ်သည်။သူမနဲ့လင်ကျန်ကအမြဲတမ်းအငြင်းပွားမှုများရှိနေတာကြောင့်သူမနဲ့သူကသွေးကြွေးတွေရှိနေတာကကြိုးကြောင်းဆီလျော်တဲ့အပြင်လင်ရွှမ်းဇီကရောဘယ်လောက်များအပြစ်ကင်းစင်လို့လဲ?

သူကနည်းနည်းပိုသာတဲ့ပါရမီရှင်တစ်ယောက်ဖြစ်တာသက်သက်နဲ့မိသားစုဆီကကြွယ်ဝတဲ့အရင်းအမြစ်တွေအများကြီးရရှိတယ်။ဒါပေမဲ့ဒါဟာလင်မိသားစုရဲ့ခေါင်းဆောင်ပိုင်းကချမှတ်တဲ့ဆုံးဖြတ်ချက်ဖြစ်တာကြောင့်အင်အားကြီးသူကသာအုပ်ချုပ်တဲ့ကမ္ဘာ့ဥပဒေဖြစ်နေတာ

ပိုင်သခင်မကအပြုံးတစ်ခုနှင့်ထိုင်ချလိုက်ပြီးအေးစက်နေတဲ့လက်ဖက်ရည်တစ်ငုံကိုသောက်လိုက်သည်။သူမရဲ့မျက်လုံးများကလျို့ဝှက်စွာတောက်ပနေရင်းဖြင့်ရယ်မောလိုက်၏။

"အဲ့ဒါအားလုံးလင်ရွှမ်းဇီဆိုတဲ့မကောင်းဆိုးဝါးကြောင့်စတင်ခဲ့တာ"

"မကောင်းဆိုးဝါး?"

"အဲ့ဒီလိုကိစ္စတွေကသားမသိတာပိုကောင်းတယ်" ပိုင်သခင်မကသူမရဲ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်သည်။

"သားသိဖို့လိုတာကလင်ရွှမ်းဇီဟာယောကျားတစ်ယောက်ရဲ့ဗိုက်ကိုလက်သည်းနဲ့ခွဲထုတ်ပြီးထွက်လာတဲ့မကောင်းဆိုးဝါးဆိုတာကိုပဲ...သူ့တည်ရှိမှုကိုကကောင်းကင်ဘုံရဲ့သဘာဝတရားကြီးကိုလွန်ဆန်နေတာ"

လင်ဇီဂျီရဲ့မျက်နှာကရုတ်တရက်ပြောင်းလဲသွားခဲ့ပြီးထိတ်လန့်သွားခဲ့သည်။

"သူ့အမေကယောကျာ်းလေးလား?ဒါက...ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!"

"သူကယောကျာ်းလေးတစ်ယောက်ဖြစ်ရုံတင်ဘယ်ကမလဲငါတို့နှစ်ယောက်လုံးသူ့ကိုသိတယ်" ပိုင်သခင်မကသူမရဲ့နှုတ်ခမ်းများကိုကွေးညွတ်လိုက်ပြီးသူမရဲ့မျက်လုံးများကတော့ရွံရှာမှုများဖြင့်ပြည့်နှက်နေသည်။

"အမျိုးသားတစ်ယောက်က,ကလေးမွေးတယ်ဆိုတာကောင်းကင်ဘုံကိုဆန့်ကျင်တာပဲ..ယင်နဲ့ယန်ကလည်းမညီမျှဘူးဖြစ်သွားရတော့ကောင်းကင်ဘုံကနေပြီးသတိပေးချက်အနေနဲ့ပေးခဲ့တာလင်ရွှမ်းဇီရဲ့မွှေးဖွားလာမှုကချင်မြို့တော်တစ်ခုလုံးတောင်ပရမ်းပတာဖြစ်သွားရတယ်အဲ့ဒီအချိန်တုန်းကသားကအရမ်းငယ်သေးတော့ကမ္ဘာကြီးအကြောင်းကိုဘာမှမသိခဲ့ရဘူး...ဒါပေမဲ့မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့အမေတို့ကတော့ဘယ်လောက်တောင်ကြောက်စရာကောင်းပြီးမနှစ်မြို့စရာကောင်းလဲဆိုတာသိခဲ့ရတယ်...လင်ရွှမ်းဇီကိုသတ်ပစ်လိုက်ရမှာ....ဒါပေမဲ့ဆုမိုဆိုတဲ့အဲ့ဒီအရူးကလင်ကျန်နဲ့လင်ရွှမ်းဇီဆီမှာသာမတော်တဆမှုတစ်ခုခုတွေ့ကြုံခဲ့ရင်လင်အိမ်တော်တစ်ခုလုံးကိုသူတို့နဲ့အတူမြေမြှုပ်ပစ်မယ်လို့ပြောလာတယ်လေ..မဟုတ်ရင်လင်ရွှမ်းဇီကဒီနေ့ထိရှင်သန်နိုင်မယ်လို့ထင်လို့လား?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now