ep-4 (Z+U)🍓

13.1K 818 25
                                    

အချိန်တွေတရွေ့ရွေ့ ကုန်ဆုံးလာတာ အကိုကြီးနဲ့လက်ထပ်ပြီးတာတောင် ကြာလာခဲ့ပြီ..

မြူ့ ကိုဆို ..အခုချိန်ထိ ချစ်လို့ယူထားတာဆိုပေမဲ့ လက်ဖျားနဲ့တောင်မထိခဲ့ဖူးဘူး..။မြူ ဘဝရဲ့ကယ်တင်ရှင်က အကိုကြီးပါ ၊

"မြူ ..ဒီနေ့ ကိုကြီးတို့ သူငယ်ချင်းတွေ Dinner ရှိတယ်..၊ မြူလေးကိုတွေ့ချင်လို့တဲ့..။ "

"ဟုတ် မြူ လိုက်ခဲ့ပါမယ်.."

ညနေရောက်တော့ ပြင်ဆင်ပြီး ကိုကြီးနဲ့အတူ ထွက်လာလိုက်သည်။

အဂ္ဂလဲ ပျင်းပျင်းနဲ့ ဧည့်ခန်းထဲမှာ ကြီးမေတို့နဲ့ TV ထိုင်ကြည့်နေသည်။ ထိုအမျိုးသမီးထွက်လာတာတွေ့တော့
ဟိုက်ရှားပါး ! မြန်မာဆန်ဆန်တွေပဲ ဝတ်တာမြင်ဖူးတာ..အခုတော့ လှလိုက်တာ အနက်ရောင်Dressအရှည်ကို ပုခုံးနှစ်ဖက်လုံးဖော်ထားတယ် ။ ဆံပင်အလိမ်လေးတွေကိုလဲဖြန့်ချထားသည် အရမ်းကျိပြင်မထားတာတောင် လှရက်နေမှုကျိ ။

"ကြီးမေနဲ့ သမီး ဒယ်ဒီတို့သူငယ်ချင်းတွေDinnerဖိတ်ထားတာ သွားလိုက်အုန်းမယ်.."

"အေးအေး ဂရုစိုက်သွားကြနော် အရမ်းတွေသောက်မနေနဲ့အုန်း မောင်ကျော်ရေ.."

"ဟုတ်ကဲ့ ကြီးမေ အရမ်းကျိမသောက်ပါဘူး.."

ဒယ်ဒီတို့ထွက်သွားတော့မှ ..အဂ္ဂရင်ခုန်နေတာတွေရပ်တော့သည်။ မျက်လုံးများက TVကိုကြည့်နေပေမဲ့ အတွေးတွေက အက်မိန်းမဆီ၊ ငါကမိန်းကလေးအချင်းချင်း စိတ်ဝင်စားတဲ့သူကျိများလား..။
ဖြူတို့ နဒီတို့နဲ့ရှိနေရင်ဘာမှမဖြစ်ပဲ အက်မိန်းမနဲ့ကြမှ ရင်တွေခုန်နေရတာလဲ ! ။ shit စဉ်းစားမနေဘူး အာရုံနောက်တယ်..
့ကြီးမေ အဂ္ဂ အိပ်တော့မယ်နော် ဟုသာပြောရင်းအခန်းထဲကို  ပြန်လိုက်သည်။

ဟော ကျော်ဦးတို့ လာပြီ ။ ထိုင်ကြ ထိုင်ကြ ၊ မြူလဲသူတို့ ဝိုင်းတွင် အတူဝင်ထိုင်နေလိုက်သည်။
"မင်း မိန်းမက အချောလေးပဲ ကျော်ဦးရ.."

"မင်းတို့ကို တဝိုင်းကျွေးမယ်ကွာ ဟားဟား '

တယောက်တမျိုးစီပြောကြသောကြောင့် မြူလဲ သိပ်မနေတတ်တော့..

My Stepmother Is , My Girlfriend Where stories live. Discover now