💜 Extra အပိုဆု 9 💜

51.1K 4.7K 742
                                    

Unicode...

နောက်တစ်နေ့မနက် နှိုင်း အိပ်ရာနိုးလာသည့်တိုင် Demon ကတော့အပျော်တွေလွန်ပြီး တစ်ရေးမှမအိပ်ခဲ့ရပေ။အဲ့အစားသူ့နံဘေးမှာအိပ်ပျော်နေတဲ့ နှိုင်းကို လက်တစ်ဖက်ထောက်ကာကြည့်ပြီးနှဖူးစပ်နားကဆံပင်လေးကိုသပ်တင်ပေးကာ မျက်လုံးထဲမှာချစ်ခြင်းအပြည့်ရှိလို့နေသည်။

ကလေးလေး တဲ့။ Demonဘဝမှာဘယ်တုန်းကမှမတွေးခဲ့ဖူးတဲ့အဖိုးတန်ရတနာလေးတစ်ခုကို သူ့အချစ်ကလေးက လက်ဆောင်ပေးတယ်..အဲ့တာက Demonအတွက်ပြောမပြနိုင်တဲ့ပျော်ရွင်ခြင်းတစ်ခုပဲ။ သို့သော် ဘာကြောင့်မှန်းမသိ Demon စိတ်တွေကစဥ်ကလျှားဖြစ်နေသလိုခံစားနေရတယ်။ Demonငယ်စဥ်ကခံစားခဲ့ရတဲ့မိသားစုစိတ်ဒဏ်ရာတွေနဲ့စွန့်ပြစ်ခံရတဲ့ခံစားချက်တွေ အဲ့အရာတွေကိုမေ့ပျောက်ချင်ပေမယ့် Demonအခုထိအတွေးထဲကထုတ်လို့မရခဲ့ဘူး။

အခုချိန်မှာ Demonကိုယ်တိုင်ကမိဘနေရာရောက်လာခဲ့တဲ့အချိန်မှာ 'မိသားစု'ဆိုတဲ့အသိုက်အမြုံလေးကိုဘယ်လိုတည်ဆောက်ရမလဲမသိဘူး။နောက်ပြီး Demonကိုယ်တိုင်ရောလုပ်နိုင်ပါ့မလား? ဆိုတဲ့မေးခွန်းပေါင်းများစွာက.. တစ်နေ့မှာ Demonရဲ့ကလေးလေးအပေါ်မှာ တစ်ခုခုမှားယွင်းခဲ့ရင် ကိုကိုကခွင့်လွတ်ပါ့မလား?ဆိုပြီးတွေးပူနေမိသည်။ အဲ့အချိန်မှဆိုရင် Demon ဆုံးရှုံးရမှာ ကိုကိုတစ်ယောက်တည်းမဟုတ်တော့ပဲ Demonတို့ရဲ့ကလေးလေးကပါ စွန့်ပြစ်မှာလား? ။

* ကျစ်! တွေးမိယုံနဲ့တင်! *

ကိုယ်ဝန်ရှိတဲ့လူက ကိုကိုဖြစ်ရဲ့နဲ့ ဘာလို့ငါ့ခံစားချက်တွေကစန်းစန်းတင့်နေရတာလဲကွာ။

ဝမ်းနည်းစိတ်နဲ့အတူ Demon တကယ်ကြီးစိတ်ပူနေမိသည်။ သူစိုးရိမ်တာက သူဖခင်ကောင်းတစ်ယောက်အနေနဲ့ နှိုင်း နဲ့ ကလေးလေးအပေါ်တာဝန်ကျေပါ့မလားဆိုတာပဲ..အနာဂတ်မှာသူအမှားတစ်ခုခုလုပ်မိရင် အတိတ်တုန်းကလို မိသားစုရဲ့စွန့်ပြစ်ခြင်းကိုခံရမှာကိုတွေးကြောက်ပြီး သူ့ကိုယ်သူယုံကြည်ချက်မရှိဖြစ်နေတော့သည်။

* ကျွန်တော်ကြောက်နေမိတယ်ကိုကို *

ထိုအချိန်မှာ လှုပ်ယဲ့စွာနှင့် နှိုင်း နိုးလာပြီး သူ့အားစိုက်ကြည့်ကာအပြုံးတွေဝေနေတဲ့ Demon ကိုတွေ့လိုက်ရတာကြောင့် ကိုယ်တိုင်လည်းအပြုံးနုနုတို့ဖြင့်ပေးလေ၏။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now