Part-18💚

2.2K 100 14
                                    

Unicode

ကျိန်းစပ်ကာဖွင့်မရတဲ့မျက်လုံးကိုအားယူကြည့်တော့
ခပ်မှောင်မှောင်ဖြစ်နေတဲ့အခန်း
သေချာတာတော့ဒါကမနက်စောစောမဟုတ်တော့ဘူး
ဦးကသူ့အတွက်အခန်းစီးလိုက်ကာတွေသေချာပိတ်ပေးထားတာနေမှာ
မျက်လုံးမဖွင့်ဘဲဘေးနားကိုစမ်းတော့အေးစက်စက်အိပ်ရာကြောင့်ဦးထသွားတာကြာပြီဖြစ်မယ်ဆိုတာသိလိုက်တယ်

အိပ်ရာပေါ်မှာလှိမ့်ချင်တိုင်းလှိမ့်ပြီးတော့မှထကာရေချိုးခန်းထဲတန်းဝင်လိုက်တယ်
မှန်ထဲကကိုယ့်ကိုကိုယ်ပြန်ကြည့်ကာညကအဖြစ်အပျက်တို့ကခေါင်းထဲအစီအရီပေါ်လာပြန်တယ်
တစ်ကိုယ်လုံးမှာပြန့်ကျဲနေတဲ့အနီရောင်ကိုက်ရာများ
တစ်ချို့နေရာတွေဆိုခရမ်းရောင်ကိုတောင်ပြောင်းလဲနေပြီ

မနက်ငါးနာရီထိုးထိအောင်သောင်းကျန်းခဲ့တဲ့အဖြစ်ကိုပြန်တွေးမိတော့ကျွန်တော်ဘယ်လိုများအဲ့လောက်ဖြစ်ခဲ့ရတာပါလိမ့်လို့တွေးမိသေးတယ်
ဦးကိုကျွန်တော်ကအဲ့လောက်တောင်လိုအပ်နေတာကိုယ်တိုင်တောင်တစ်ကယ်သတိမထားမိခဲ့တာ
အချစ်တွေပါလို့ပဲလား မနေ့ညကအတူနေခဲ့တာက အရင်ကအတူနေတာတွေနဲ့မတူဘဲပိုလို့အဓိပ္ပာယ်ရှိနေခဲ့တယ်

ဦးတဖွဖွပြောတဲ့ချစ်တယ်ဆိုတဲ့စကားတွေကြားမှာပျော်ဝင်ရတာကိုကျွန်တော်ပျော်နေခဲ့တာ
တဖွဖွခေါ်တတ်တဲ့ ကလေး ဆိုတဲ့နာမ်စားလေးက ကျွန်တော့်အတွက်အရမ်းကိုတန်ဖိုးရှိလာတယ်

ခေါင်းလျှော်ရေချိုးကာဦးရဲ့ဗီရိုကိုဖွင့်ပြီးဆိုဒ်ကြီးကြီး Shirt ဖြူဖြူတစ်ထည်ကိုဝတ်လိုက်တယ်
အောက်ကတော့ boxer အပြင်ဘာမှဝတ်ဖို့စိတ်ကူးမရှိ
ခေါင်းအစိုကိုလည်းသုတ်ဖို့ပျင်းတာကြောင့်ဒီတိုင်းသာထားလိုက်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်
အချိန်တန်ရင်ခြောက်သွားမှာပဲလေ

kitchen ဆီကအနံ့မွှေးမွှေးတွေကြောင့် ဦးတစ်ခုခုချက်နေမယ်ဆိုတာသိလိုက်တယ်
Kitchen ထဲဝင်သွားတော့ တစ်ခုခုကိုချက်ပြုတ်နေကာ အလုပ်ရှုပ်နေတဲ့ ဦး...

နောက်ကနေသိုင်းဖက်တော့တစ်ချက်လန့်သွားဟန်ရှိပေမယ့်
နောက်တော့ခပ်ဖွဖွရယ်မောနေပြန်တယ်

Sex At 7/11 (completed)Where stories live. Discover now