Arc(3.13)

4.9K 821 2
                                    

Unicode

Arc(3.13)

အချိန်များလျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီးဂိုဏ်းရဲ့အတွင်းပိုင်းယှဉ်ပြိင်ပွဲရောက်လုနီးပါးဖြစ်လာသည်။လီလျိုကကိစ္စအမျိုးမျိုးကိုဖြေရှင်းဖို့လိုအပ်တာကြောင့်,ပင်မတောင်ဖြစ်သည့်တိမ်နီတောင်မှာရက်အနည်းငယ်စောပြီးသွားနေရသည်။

စကားမစပ်,မူလဇာတ်ကြောင်းထဲမှာတုန်းကယှဉ်ပြိုင်ပွဲအတွင်းမှာချူးဝူရုံကိုဆန့်ကျင်ခဲ့သည့်လူအိုကြီးသည်လည်းဒီတစ်ခေါက်ဂိုဏ်းတွင်းပြိုင်ပွဲကြီးကိုစီစဉ်ကြီးကြပ်ရတဲ့အကြီးအကဲဖြစ်တာကြောင့်လီလျိုနဲ့အတူနေပြီးယှဉ်ပြိုင်ပွဲနေရာကိုစတင်အလှဆင်နေပြီဖြစ်သည်။

အစီအစဉ်အပြင်ဘက်ရှိတစ်ခြားအရာများကိုစိတ်ပူစရာမလိုသော်လည်းကြည်လင်ကောင်းကင်ဂိုဏ်းကဂိုဏ်းသားတပည့်ပေါင်းသောင်းကျော်ရှိသည့်ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။ဒါ့အပြင်ဒီတစ်ခေါက်ယှဉ်ပြိုင်ပွဲကဂိုဏ်းအတွင်းပိုင်းတပည့်များအတွက်အလွန်အရေးကြီးသည်။ထို့ကြောင့်လီလျိုမှာဒီရက်ပိုင်းအတွင်းအနားယူနိုင်မည့်အချိန်တောင်မရှိပေ။

ပင်မတောင်ထွတ်၏ခြံဝင်းထဲမှာခဏတစ်ဖြုတ်နေသည့်အချိန်ကလွဲရင်သူ့ရဲ့ကိုယ်ပိုင်တောင်သို့ပြန်နိုင်မယ့်အချိန်ပိုလုံးဝမရှိဘူးဖြစ်နေသည်။

နှစ်ပတ်တာယှဉ်ပြိုင်ပွဲအတွင်းရာသီဥတုဆိုးဝါးမှာကိုရှောင်ရှားနိုင်ရန်လီလျိုနှင့်ထိုအကြီးအကဲတို့ကယှဉ်ပြိုင်ပွဲ,ကွင်းပြင်ပမှာကြီးမားတဲ့အစီအရင်တစ်ခုကိုစီစဉ်ကြရသည်။

သူတို့အစီအရင်ကိုစီစဉ်နေစဉ်အတွင်းမှာထိုအကြီးအကဲကအစီအရင်အားမကောင်းတာတစ်ခုခုလုပ်မည်အားလီလျိုမစိုးရိမ်ပေ။

ဘယ်လိုပဲဖြစ်ဖြစ်ဒီအစီအရင်ကယှဉ်ပြိုင်ပွဲအတွင်းမှာပါဝင်မယ့်တပည့်အားလုံးနှင့်သက်ဆိုင်သည်။ဒါ့အပြင်ဒီအစီအရင်ကိုတပည့်များကနေ့တိုင်းကာကွယ်ပြီးစစ်ဆေးပေးမှာဖြစ်၏။အကယ်၍ဒီထဲမှာတစ်ခုခုမှားနေရင်ထိန်းသိမ်းပေးတဲ့တပည့်များဆီကရှာတွေ့သွားဖို့အတော်လေးဖြစ်နိုင်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now