Arc(3.14)

4.3K 763 5
                                    

Unicode

Arc(3.14)

ချူးဝူရုံရဲ့ပြိုင်ဘက်အဖြစ်ကြုံသလိုရွေးချယ်ခံရသည့်တပည့်လေးကငယ်ရွယ်ပြီးမကြာသေးခင်ကမှအခြေတည်အဆင့်သို့ဝင်ထားသည့်,အပြင်စည်းတပည့်တစ်ယောက်ဖြစ်သည်။ထို့ကြောင့်လည်းထိုပွဲစဉ်အားချူးဝူရုံအနိုင်ရရန်မိနစ်အနည်းငယ်သာလိုလိုက်၏။

ချူးဝူရုံကထိုပွဲစဉ်အားအပြည့်အဝအနိုင်ရလိုက်သော်လည်းသူ့အမူအယာကတော့ပြောင်းလဲခြင်းမရှိပေ။ရှင်းရှင်းပြောရရင်သူ့မျက်နှာမှာအနိုင်ရလိုက်သည့်ပျော်ရွှင်မှုအနည်းငယ်လေးတောင်မမြင်နိုင်ဘူးဖြစ်သည်။သူ့ရဲ့ထိုနက်ရှိုင်းပြီးမှောင်မိုက်သည့်မျက်လုံးများကသာအဝေးတစ်နေရာကအမြင့်မှာထိုင်နေသည့်လူကိုတိတ်တဆိတ်တစ်ချက်လှမ်းကြည့်လိုက်ပြီးလီလျိုရဲ့လစ်လျူရှုထားသည့်အမူအယာကိုခဏမျှကြည့်ပြီးနောက်ယှဉ်ပြိုင်ပွဲစင်မြင့်မှဖြေးညှင်းစွာလျှောက်ထွက်သွားတော့သည်။

တစ်နေ့တာရဲ့အချိန်အတိုင်းအတာကအတော်လေးအကန့်အသတ်ရှိတဲ့အပြင်ပြိုင်ပွဲယှဉ်ပြိုင်သည့်သူများကလည်းရံဖန်ရံခါမှာစွမ်းအင်တူတဲ့သူအချင်းချင်းတွေ့တတ်တာကြောင့်အချိန်တွေပိုပြီးကုန်ဆုံးနေသည်။ရလဒ်အရတော့ဆည်းဆာရောင်သန်းလာတဲ့အချိန်မှာဆယ်ပုံပုံရင်တစ်ပုံထက်နည်းတဲ့ပမာဏသာအကုန်ပြီးမြောက်သေးသည်

သို့သော်ကျင့်ကြံသူတွေရဲ့အချိန်သည်မူလကတည်းကရှည်လျားတာကြောင့်တစ်နေ့ဆိုတဲ့အချိန်ကဘာမှမဟုတ်ပေ။

လီလျိုသည်ဒီနေ့တော့သူ့ကိုယ်ပိုင်တောင်ထွတ်ဖြစ်သည့်တိမ်နီတောင်သို့ပြန်ခွင့်ရပြီဖြစ်သည်။လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းသူပင်မတောင်ထွတ်မှာနေစဉ်တုန်းကအကြီးအကဲကျောက်နဲ့ခြံဝင်းတစ်ခုတည်းနေခဲ့ရတာကြောင့်ညဘက်တွေကောင်းကောင်းအိပ်လို့မပျော်ဖြစ်ခဲ့ရသည်။

ဒါ့အပြင်ကိုယ့်အခန်းထဲကိုယ်နေတဲ့အချိန်တောင်တစ်စုံတစ်ရာတွေ့သွားမှာစိုးတာကြောင့်လီလျိုသည်ကုချင်းချန်းရဲ့အေးစက်စက်အသွင်အပြင်ကိုဆက်ထိန်းသိမ်းထားနေရပြီးတစ်ရက်ကိုတစ်နှစ်လောက်ကြာသလိုခံစားရသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now