Arc(3.15)

4.1K 783 2
                                    

Unicode

Arc(3.15)

ပွဲစဉ်တိုင်းကပြီးဆုံးဖို့အချိန်အကြာကြီးလိုအပ်တာကြောင့်နောက်ဆုံးပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်သည့်တပည့်အများစုမှာရက်အနည်းငယ်စီအလှည့်နဲ့သွားကြရသည်။

ချူးဝူရုံက,လေးရက်မြောက်နေ့ထိယှဉ်ပြိုင်သူမရှိသေးပေ;သူနဲ့ယှဉ်ပြိုင်ဖို့စီစဉ်ပေးထားတဲ့သူနဲ့တော့ဆန့်ကျင်ဘက်ဖြစ်သည်။

ထိုရက်တွေအတွင်းမှာချူးဝူရုံအတွက်ပွဲစဉ်မရှိသော်လည်းသူကတစ်ခြားသူတွေလိုမျိုးထိုရက်အနည်းငယ်အားအခွင့်ကောင်းယူပြီးယှဉ်ပြိုင်ပွဲအချိန်ရောက်လာရင်အကောင်းဆုံးဖြစ်ဖို့အပြည့်အဝအနားယူနေခြင်းမျိုးမရှိပေ။သူကနေ့စဉ်နေ့တိုင်းပွဲကျင်းပရာသို့ရောက်လာတတ်ပြီးပွဲပြီးသည်နှင့်လီလျိုနဲ့အတူအိမ်ပြန်ကြသည်။

လီလျိုကတော့တစ်ခုခုထူးဆန်းတယ်လို့မတွေးပေမယ့်သူတို့နောက်ကအမြဲခြေတစ်လှမ်းချန်လိုက်ပြီးလီလျိုနဲ့ချူးဝူရုံတို့ရဲ့ပြုမူဆက်ဆံပုံတွေကိုလေ့လာနေသည့်အကြီးအကဲကျောက်ကတော့မနေနိုင်ပဲသူ့မျက်လုံးတွေကိုကျဉ်းမြောင်းမိသည်။

ကုချင်းချန်းနဲ့သူ့တပည့်လေးကဒီလိုခံစားချက်ကောင်းတွေရှိနေကြမယ်လို့သူမထင်ထားခဲ့မိပေမယ့်ဒီလမ်းနဲ့ဆိုရင်လည်းသူ့အကြံအစည်အောင်မြင်သွားရင်ကုချင်းချန်းကိုထိုးနှက်ချက်အကြီးကြီးပေးနိုင်မှာပေါ့...

ထိုအတွေးနဲ့အတူအကြီးအကဲကျောက်ရဲ့နှုတ်ခမ်းတွင်မထီမဲ့မြင်ပြုသည့်အပြုံးတစ်ခုပေါ်လာရပြန်သည်။

****

လေးရက်ကြာပြီးနောက်,

ကောင်းကင်ယံတွင်ပထမဆုံးရောင်ခြည်စထွန်းလင်းတဲ့အချိန်မှာပဲကြည်လင်ကောင်းကင်ဂိုဏ်းရဲ့ယှဉ်ပြိုင်ပွဲဝင်ပေါက်တွင်လူအများကြီးရောက်ရှိနေကြပြီဖြစ်သည်။လူတိုင်းကတစ်ယောက်နဲ့တစ်ယောက်တီးတိုးပြောနေကြပြီးအသံတိုးတိုးနှင့်ဆွေးနွေးနေကြရင်းဖြင့်ဒီနေ့ရဲ့ယှဉ်ပြိုင်ပွဲစမယ့်အချိန်ကိုစောင့်နေကြသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now