Arc(3.16)

4.2K 767 2
                                    

Unicode

Arc(3.16)

အနက်ရောင်မြူခိုးများကထူထဲသည့်မှင်လိုပင်ယှဉ်ပြိုင်ပွဲစင်မြင့်၏ပတ်ပတ်လည်မှကာကွယ်ရေးအစီအရင်တစ်ခုလုံးကိုပြည့်လျှံသွားသည်။

မြူခိုးများအရှေ့ကဘယ်အရာကိုမှရှင်းရှင်းလင်းလင်းမမြင်ရပေ။ထိုအနက်ရောင်မြူလွှာများဖြင့်ဝိုင်းဖွဲ့ရစ်သီနေတာကြောင့်အမှောင်မိုက်ဆုံးညနက်ကဲ့သို့ပင်ခံစားရစေသည်။

ချူးဝူရုံရဲ့ကိုယ်နေဟန်ထားကတော့ပုံမှန်အတိုင်းပင်မြေပြင်မှာထိုင်နေပြီးသူ့ရဲ့သွယ်လျသည့်လက်တစ်ဖက်ကသူ့ပေါင်ပေါ်တင်ထားသည်။သို့သော်အဲ့ဒါကပိုပြီးတောင်ပေါ့ပေါ့ပါးပါးဖြစ်ပြီးသက်တောင့်သက်သာဖြစ်နေသလိုပင်။

ထိုအချိန်မှာပဲအမှောင်ထုထဲတွင်အပြောင်းအလဲအသေးစားတစ်ခုဖြစ်သွားပုံပေါ်သည်။ချူးဝူရုံရဲ့ပတ်ပတ်လည်မှမြူခိုးနက်များကရုတ်တရက်လှည့်ထွက်လာပြီးအေးစက်စက်လေဓားတစ်လက်ဖြစ်ပေါ်သွား၍ချူးဝူရုံရဲ့ကာကွယ်မှုကင်းလွတ်နေသောနောက်ကျောအားစတင်တိုက်ခိုက်တော့သည်။

ချူးဝူရုံကတော့ထိုပြင်းထန်လှသည့်ဖိအားကြောင့်အနည်းငယ်ပင်အန္တာရယ်ဟုခံစားရပုံမပေါ်ပေ။သူကသူ့ရဲ့တည်ငြိမ်တဲ့သွင်ပြင်ကိုဆက်ထိန်းသိမ်းထားသည်။သို့သော်လေဓားကသူ့ကိုထိတော့မယ့်အချိန်မှာတော့သူ့ပုံရိပ်ကမီးခိုးငွေ့လိုပဲပျံ့ကျဲသွားခဲ့ပြီးမှတူညီတဲ့နေရာမှာပဲထိုင်နေတဲ့ကိုယ်ဟန်အနေအထားနဲ့တစ်ဖန်ပြန်ပေါ်လာသည်။

ထူထပ်သည့်အနက်ရောင်မြူခိုးများကြားထဲမှာပုန်းနေတဲ့စုန့်ချင်းယွင်ကထိုမြင်ကွင်းကိုမြင်သောအခါမျက်လုံးများပြုးကျယ်သွားမိပြီးသူမြင်လိုက်တာကိုမယုံကြည်နိုင်ပေ။တကယ်တော့သူ့တိုက်ခိုက်မှုကိုချူးဝူရုံဘယ်လိုရှောင်လိုက်လဲဆိုတာသူရှင်းရှင်းလင်းလင်းမမြင်လိုက်ရဘူးဖြစ်သည်။ထို့အပြင်ချူးဝူရုံကအဲ့ဒါပြီးနောက်မှာသူ့ူမူလနေရာမှာပဲဆက်ထိုင်နေတာကြောင့်သူ့ကိုအသံတိတ်ကဲ့ရီလိုက်ကြောင်းထင်ရှားနေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now