Arc(3.17)

4K 755 1
                                    

Unicode

Arc(3.17)

အနက်ရောင်မြူခိုးကြားထဲတွင်ချူးဝူရုံကအရာအားလုံးကိုထိန်းချုပ်ထားနိုင်သည့်အနက်ရောင်ဘုရင်တစ်ပါးလိုပင်။

စုန့်ချင်းယွင်ကတော့ပင့်ကူအိမ်ထဲကျဆင်းသွားသည့်အင်းဆက်လေးတစ်ကောင်လိုဘယ်လောက်ပဲရုန်းကန်နေပါစေအစားခံရမယ့်ကံကြမ္မာကမလွတ်မြောက်နိုင်ဘူးဖြစ်နေသည်။

ထိုအချိန်မှာပဲစုန့်ချင်းယွင်ရဲ့နှဖူးကချွေးအေးများစို့လာရပြီးသူ့နှလုံးခုန်နှုန်းသည်လည်းအစီအစဉ်မကျဖြစ်လာသည်။ဝိဉာဉ်ကိရိယာကိုဆုပ်ကိုင်ထားတဲ့သူ့လက်ဆစ်များပင်ဖြူစုတ်လာရပြီးအနည်းငယ်တုန်ယင်လာရ၏။

သူ့တစ်ကိုယ်လုံးသည်လည်းတောင့်တင်းနေသည့်အခြေအနေဖြစ်လာသည်။သူကဦးတည်ရာမရှိတဲ့တစ်စုံတစ်ယောက်လိုဘယ်အချိန်မဆိုကြောက်စရာကောင်းတဲ့တစ်စုံတစ်ရာထွက်လာနိုင်သကဲ့သို့ပတ်ပတ်လည်ကိုလိုက်ကြည့်နေမိသည်။

ချူးဝူရုံကတော့အနက်ရောင်မြူခိုးကြားထဲမှာသာရပ်နေပြီးသူ့ရဲ့တည်ငြိမ်နက်ရှီုင်းသည့်အနက်ရောင်မျက်လုံးတစ်စုံကတော့ထူထပ်လှတဲ့မြူခိုးများထဲထိုးဖောက်ကြည့်နေသလိုဖြစ်နေကာသူ့မျက်လုံးထဲမှာရှိတဲ့ခံစားချက်ကိုရှင်းရှင်းလင်းလင်းမမြင်ရနိုင်ပေ။

မြူခိုးကြားထဲမှာကူကယ်ရာမဲ့စွာရုန်းကန်နေရသည့်စုန့်ချင်းယွင်အားကြည့်ရင်းသူ့အောင်ပွဲကလက်တစ်ကမ်းအလိုမှာရှိနေပြီဖြစ်သော်လည်းသူ့အတွက်ကဒီပြိုင်ပွဲကိုအနိုင်ရလို့လည်းပျော်ရွှင်စရာမရှိချေ

ချူးဝူရုံအတွက်ကတော့ဒီကစားပွဲကဒီအတိုင်းဖြတ်သွားဖြတ်လာသဘောသာဖြစ်ပြီးဒီထက်မပို...အကယ်၍သူသာလိုချင်တယ်ဆိုရင်ပွဲအစကတည်းကစုန့်ချင်းယွင်ဘာမှမလုပ်နိုင်သေးခင်မှာပဲအနိုင်ရနိုင်သည်။သို့သော်သူ့ရဲ့အင်အားအစစ်ကိုဖုန်းကွယ်ထားနိုင်ရန်သူစုန့်ချင်းယွင်အားအခုချိန်ထိခွင့်ပြုပေးထားခြင်းပင်။

အခုတော့သူဒီပြိုင်ပွဲကိုလုံလောက်အောင်အချိန်ဆွဲပြီးပြီဖြစ်တာကြောင့်အချိန်ထပ်ဖြုန်းစရာမလိုအပ်တော့ဘူး...

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now