Part 13

1.3K 237 17
                                    

Unicode

စံအိမ်အတွင်း၌ဖြစ်သည်။

အကြည်ရောင် အမိုးကာခုံးဖြင့် အဝိုင်းသဏ္ဍာန် ပတ်ပတ်လည် အုပ်မိုးထားသော ခန်းမအတွင်းက နေရောင်ခြည် တိုက်ရိုက်ဖောက်ဝင်နေပြီး ကွင်းပြင်ကျယ်ကြီးအား မျက်စိပဒေသာ ရှိနေစေသည်။

သို့ပေမယ့် ကွင်းပြင်းကျယ်အတွင်းက ဖြစ်ပျက်နေသမျှကတော့ မျက်စိပဒေသာဟူ၍ မရှိလှသော်ငြား chanyeol ကတော့ စိတ်ပါဝင်စားလျက် အာရုံစူးစိုက်ကြည့်နေ၏။

တစ်ယောက်ကိုတစ်ယောက်၏ အစွမ်းအစများကို တစ်လတစ်ကြိမ် လက်ရည်ဖလှယ်သည့် ပွဲစဥ်များတွင်သာ လေ့လာနိုင်သည်မို့ chanyeol တစ်ချက်လေးပင် အကြည့်အလွှဲမခံနိုင်။ ယခုအချိန် တိုက်နေသည်မှာ အိုဆယ်ဟွန်းနှင့် လီချန်းဝူးဖြစ်သည်။ အချိန်အားဖြင့် ၁၅ မိနစ်လောက်သာ ရှိသေးသော်ငြား ယခုအချိန်ထိ မည်သူ့ဘက်ကမှ အနိုင်အရှုံး သဲသဲကွဲကွဲမရှိသေး။

လီချန်းဝူးသည်ကား နဂိုတည်းက ပေါက်ကရလေးဆယ် အရေးမပါသည့် စကားတို့အား လျှာရိုးမရှိတိုင်း လျှောက်ပြောနေတတ်သည့် ပေါ့ပျက်ပျက်ကောင် ဖြစ်သော်ငြား သူ့စွမ်းအားတို့ကဖြင့် အထင်သေး၍မရ။ သူ၏ တိုက်ခိုက်မှုများက ရန်ဖြစ်သတ်ပုတ်နေကျ chanyeol နှင့်လည်း အနည်းငယ် ရင်းနှီးပြီးသားမို့ ထိုကောင့်ထံမှ အကြည့်လွှဲကာ အိုဆယ်ဟွန်းထံသာ အာရုံပို့ထားလိုက်သည်။

အိုဆယ်ဟွန်းကား တိုက်ကွက်သိပ်မထုတ်။ သူ့အကျင့်အတိုင်းပင်။ အေးဆေးသည်။ ခုခံရုံသာခုခံပြီး တစ်ဖက်လူ၏ လုပ်နိုင်စွမ်းတို့ကို ခေါင်းအေးအေးနှင့် အသာအကဲခတ်နေသည်။ ဒါကို ချန်းယောလ်လည်းသိသလို ချန်းဝူးကလည်းသိသည်။

"ပြန်တိုက် !"

ပတ်ပတ်လည် အေးဆေးလိုက်ကြည့်နေသော ဘိုးတော်က တစ်ခွန်းတစ်သံဖြင့် အမိန့်ပေးလာ၏။ မည်သူ့ကို ဆိုလိုနေမှန်း နာမည်တပ်စရာပင်မလို။ ချန်းဝူးရှေ့တိုးသမျှ ဖြည်းဖြည်းချင်း နောက်ဆုတ်ကာ ခုခံနေသော အိုဆယ်ဟွန်းကိုသာ ရည်ညွှန်းမှန်း သိသာသည်နှင့် ဆယ်ဟွန်း ချက်ချင်းအနေအထားပြောင်းကာ ချန်းဝူးထံ တိုက်စစ်ဆင်သည်။ လက်နက်တန်ဆာတို့မကိုင်။ လက်ဗလာဖြင့်သာ ကြိုက်နှစ်သာရာ တိုက်ကွက်တို့ဖြင့် တိုက်ခိုက်ပြီး သာမန်လူတို့အနေဖြင့် ကြည့်မည်ဆိုလျှင် လက်ဝှေ့ပွဲတစ်ပွဲနှင့်သာ တူလိမ့်မည်။ မတူသည်ကား ၎င်းတို့ လက်သီးတစ်လုံးတစ်လုံးက သာမန်လူတစ်ယောက်ကို ချက်ချင်း အသက်ထွက်သွားစေနိုင်သည်ပဲ ဖြစ်သည်။ အင်အားကြောင့်မဟုတ်လျှင်တောင် စွမ်းအားတွေကြောင့်နှင့်ပင် ပြင်းထန်နေသောကြောင့်သာ။

The LOEYWhere stories live. Discover now